
မြိတ် မေ ၃
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြိတ်ခရိုင် ငါးလုပ်ဦးစီးဌာနမှ ပင်လယ်ပြင်ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲကို မြိတ်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး(မြိတ်)၌ မေ ၃ ရက်က ကျင်းပ သည်။
သင်တန်းဖွင့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ညီတိုးက သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းသည်။ သင်တန်းတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား ၅၀ တက်ရောက်သည်။ သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းသားများက ပင်လယ်ပြင်၌ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးဌာနမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပေး ကြောင်း သိရသည်။
သတင်းစဉ်