
မြိတ် မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့် ကိုလိုနီခေတ် ရုံးအဆောက်အအုံ လေးခုအား မေ ၂၆ ရက် နံနက်ပိုင်း က တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြိတ်မြို့ရှိ ကိုလိုနီခေတ်ရုံး အဆောက်အအုံ လေးခုမှာ ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းရုံး၊ ၁၈၆၀ ပြည့်နှစ် တွင် တည်ဆောက်ခဲ့သည့် One Stop Service ရုံး (မောရစ်ကောလစ်နေအိမ်)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးတို့ ဖြစ်ကြသည်။ အဆိုပါရုံးအဆောက်အအုံ လေးခုကို ၂၀၂၂ ခုနှစ် ဧပြီလက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ရှေးဟောင်းအဆောက်အဦ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ရှေးဟောင်း အဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာထုတ် ပြန်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုံးအဆောက်အအုံလေးခုရှိ တာဝန်ရှိသူ များအား တိုင်းဒေသကြီး ဝန်ကြီးများက ရုံးအဆောက် အအုံကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းကြရန်နှင့် ပြုပြင်ဆောင်ရွက်သည့်အခါ သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )