မြိတ်မြို့ ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်အိုး ၂၅၀ လှူဒါန်း

 

မြိတ်   စက်တင်ဘာ   ၄


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင်  ဆေးကုသမှု ခံယူနေကြသည့်   ကိုဗစ်ရောဂါ ဝေဒနာရှင်များ    အသုံးပြုရန် အတွက် United KMK / Myeik ကုမ္ပဏီက  လီတာ   ၄၀  ဆံ့ အောက်ဆီဂျင်အိုး  ၂၅၀  စက်တင် ဘာ ၃ ရက်က လာရောက်လှူဒါန်း ကြောင်း သိရသည်။    


ရန်ကုန်မှ   သွားရောက်ဖြည့် တင်းခဲ့သည့်   လီတာ  ၄၀  ဆံ့ အောက်ဆီဂျင်အိုး၂၅၀ ကို United KMK / Myeik ကုမ္ပဏီ  ဒါရိုက်တာ ဦးထွန်းလင်းက  လှူဒါန်းပေးအပ် ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးကြီး အောင်ကို လတ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက လက်ခံယူသည်။  
ယင်းကုမ္ပဏီ       အနေဖြင့်   အောက်ဆီဂျင်  လိုအပ်နေသူတွေ အတွက်   ကူညီပံ့ပိုးပေးလျက်ရှိရာ မြိတ်မြို့မှ      အောက်ဆီဂျင် အိုးလွတ်များအား ရန်ကုန်မြို့သို့ သယ်ယူ၍ ဖြည့်တင်း    လှူဒါန်း ပေးခြင်းဖြစ်ကြောင်း၊   ယခုကဲ့သို့ လှူဒါန်းမှုမှာ  လေးကြိမ်မြောက် ဖြစ်ပြီး     ပထမအကြိမ်တွင်   မြိတ်မြို့    ပြည်သူလူထုအတွက် အောက်ဆီဂျင်အိုး   ၃၀၅   လုံး၊   ဒုတိယအကြိမ်တွင်    ထားဝယ် မြို့       ပြည်သူလူထုအတွက် အောက်ဆီဂျင်အိုး   ၄၀၄   လုံး၊ တတိယအကြိမ်တွင်    ပြည်သူ့ ဆေးရုံအတွက်  အောက်ဆီဂျင်အိုး ၃၅၀ လှူဒါန်းပေးပြီးဖြစ်ကြောင်း သိရသည်။     


ခိုင်ထူး (မြိတ်)