မြိတ်ခရိုင်ရှိ မြို့နယ်လေးခု သဘာဝဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

မြိတ်    သြဂုတ်    ၁၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြို့နယ် လေးမြို့နယ်တွင် ရာသီကာလအလိုက်  ဖြစ်ပွားနိုင် သည့် ဘေးအန္တရာယ်များ၊    နေရာဒေသအလိုက် ဖြစ်နိုင်သော ဘေးအန္တရာယ်များကို     ကြိုတင် ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ခြင်းဖြင့် ဘေးဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင် သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်ရန်   ပြည်သူ များက ပါဝင်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးက ပြောသည်။  

 


“ကျွန်မတို့ဦးစီးဌာနက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သဘာဝဘေး မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ခြင်း၊ ရပ်ကွက်၊ ကျေးရွာ တွေနဲ့   စာသင်ကျောင်းတွေမှာ    သဘာဝဘေးနဲ့   ပတ်သက်တဲ့   အသိပညာပေးဟောပြောခြင်းတွေ  ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းနဲ့ ပြည်သူ လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရတဲ့ သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခြင်းတွေလည်း   ဆောင်ရွက်ပေး ခဲ့ပါတယ်။ သဘာဝဘေးဖြစ်ပွားတဲ့အချိန်မှာလည်း   အရေးပေါ်စားနပ်ရိက္ခာတွေ၊ ကယ်ဆယ်ရေးပစ္စည်း တွေ၊ အိမ်ဆောက်ပစ္စည်းတွေနဲ့  ဆန်ရိက္ခာဖိုးငွေတွေ အပြင်  သဘာဝဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူ တွေအတွက် ထောက်ပံ့ပေးခြင်းလည်း     ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဘေးဖြစ်ပွားပြီးတဲ့နောက်မှာ ပြန်လည်ထူထောင်ရေး     လုပ်ငန်းတွေကိုလည်း   သက်ဆိုင်ရာ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

 


မြန်မာနိုင်ငံအတွင်းရှိ   တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနများက သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်း၊  ဟောပြော ခြင်း၊    သဏ္ဌာန်တူ   သရုပ်ပြလေ့ကျင့်ခြင်းများ၊ လူစည်ကားရာ   နေရာများတွင်        အသိပညာပေး လက်ကမ်းစာစောင်များ      ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  

 


“မြိတ်ခရိုင်တွင်းက   မြိတ်၊   ပုလော၊ ကျွန်းစု၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူတွေ သဘာဝဘေး အန္တရာယ်တွေ  ကြုံတွေ့လာရပါက   ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိအောင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ   ယနေ့ အထိ ဦးစီးဌာနအနေနဲ့ သဘာဝဘေးအသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ခရိုင်အတွင်း   အသိ ပညာပေးဟောပြောပွဲ  ၂၁ ကြိမ်၊   သင်တန်း တစ်ကြိမ် နဲ့ သဏ္ဌာန်တူ    သရုပ်ပြလေ့ကျင့်ခြင်း တစ်ကြိမ်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  ဖြစ်ပါတယ်”  ဟု  ၎င်းက  ဆက်လက်ပြောသည်။ 

 


မြိတ်ခရိုင်အတွင်း   ၂၀၂၁ ခုနှစ်   ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ သဘာဝဘေးဒဏ် ကြောင့် လူနေအိမ်ပြိုကျ/တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သည့် အိမ်ပေါင်း ၁၀၁ အိမ်မှ အိမ်ထောင်စုဝင်များ အတွက် ထောက်ပံ့ငွေကျပ် ၁၆၇ သိန်းကျော်ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)