မြိတ်ခရိုင်အတွင်း ငါးဖမ်းလှေကြီးများ ကမ်းဝေးငါးဖမ်းဆီးမှုကို ယခုလအတွင်း ပြန်လည်ခွင့်ပြု

 

မြိတ် ဇူလိုင် ၁၆


မြန်မာ့ပင်လယ်ပြင်၌   ငါးသား ပေါက်ရာသီဖြစ်သည့်  ဇူလိုင်လ အတွင်းတွင်  တနင်္သာရီတိုင်းဒေသ ကြီး       မြိတ်ခရိုင်အတွင်းရှိ ကမ်းဝေးငါးဖမ်းလှေများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို  ပင်လယ်ပြင်၌ ငါးဖမ်းဆီးမှုကို   ပြန်လည်ခွင့်ပြု လိုက်ကြောင်း  မြိတ်ခရိုင်  ငါး လုပ်ငန်းဦးစီးဌာနမှ သိရသည်။


“ လုပ်ငန်းရှင်တွေ ကိုဗစ်- ၁၉ ရောဂါကြောင့်        စီးပွားရေး ကျပ်တည်းနေတဲ့ အခြေအနေမှာ ငါးဖမ်းရာသီကို   ရှေ့တိုးပြီး ဖမ်းဆီးခွင့်ပေးဖို့  တင်ပြထားတာ ရှိပါတယ်။  အဲဒီအပေါ်မူတည်ပြီး အစိုးရက ဇူလိုင်လအတွင်းမှာ ငါးပြန်လည်  ဖမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့   တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ  ငါးဖမ်းလှေ စုစုပေါင်း ၁၄၀၀ ကျော် ရှိပါတယ်။ အဲဒီတော့ ငါးဖမ်းလှေအစင်း ၇၀၀ ကျော်လောက်ကို ထွက်ခွင့်ပြုမှာ ပါ။      ဒီလို    ခွဲဝေရာမှာလည်း ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့    ပူးပေါင်း ပြီး    စာရင်းတင်ပြပေးလာတဲ့   အစင်းရေအပေါ်    မူတည်ပြီး  အစင်းရေရဲ့ တစ်ဝက်ကို     ခွင့်ပြု ချက်ပေးနေခြင်း   ဖြစ်ပါတယ်။      ကိုဗစ်ကာလ              စီးပွားရေး     ကျပ်တည်းလာမှု အပေါ်မူတည် ပြီး   ဖြေလျှော့ပေးခြင်း   ဖြစ်ပါ တယ်​” ဟု ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး  ဦးဇော်မင်းဦး က  ပြောသည်။


 ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြု


ယခုနှစ်တွင် ငါးမဖမ်းရရာသီ ကို   (မေ၊ ဇွန်နှင့် ဇူလိုင်) မေလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ  သတ်မှတ်ထားပြီး         ကမ်းဝေး ငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီး ခွင့် ရာနှုန်းပြည့်ပိတ်ထားကြောင်း သိရသည်။ ယခုလမှစ၍  ပင်လယ် ကမ်းဝေး  ငါးဖမ်းလှေများ၏  ၅၀ ရာခိုင်နှုန်းခန့်ကို ငါးဖမ်းကိရိယာ အမျိုးအစားအလိုက်   ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုပေးခြင်း       ဖြစ် ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်စသည့် ပင်လယ်ကမ်းရိုးတန်းဒေသ  ငါးခု ရှိပြီး  အဆိုပါ ကမ်းရိုးတန်းဒေသ ငါးခုတို့တွင်   ငါးဖမ်းလှေ အစင်း ရေပေါင်း   ၃၄၀၀  ခန့်ရှိကြောင်း   သိရသည်။    ယင်းတို့    အနက်  တနင်္သာရီကမ်းရိုးတန်းမှာ အရှည် လျားဆုံး    ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ကာ      တိုင်းဒေသကြီး အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး  အစင်း    ၁၄၀၀၊     ကမ်းနီးငါးဖမ်း လှေအစင်း ၉၀၀၀နှင့် ရေလုပ်သား ပေါင်း     တစ်သိန်းကျော်ခန့်ရှိ ကြောင်း  သိရသည်။


 မြင့်ဦး(မြိတ်)