မြိတ်အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦး လွတ်မြောက်

 

မြိတ်   မေ    ၃


မြိတ်အကျဉ်းထောင်၌  ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား/သူ များအနက်    ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ      ပြစ်ဒဏ်ကျခံ လျက်ရှိသော   အကျဉ်းသား/သူ     ၁၄   ဦးအား  ရာဇဝတ်ကျင့်ထုံး      ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ  “နောက်တစ်ကြိမ်       ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်           ကျန်ရှိသော ပြစ်ဒဏ်များကိုပါ     ဆက်လက် ကျခံပါမည်” ဟူသော  စည်းကမ်း    သတ်မှတ်ချက်ဖြင့်  ယင်းတို့ကျခံ ရန်    ကျန်ရှိသော   ပြစ်ဒဏ်များ အပေါ်     လျှော့ပေါ့၍    ပြစ်ဒဏ် လွတ်ငြိမ်းခွင့်         ပြုလိုက်ခြင်း ဖြစ်သည်။

 


အကျဉ်းသား ရှစ်ဦး၊ အကျဉ်း သူ ခြောက်ဦးအား အကျဉ်းဦးစီး ဌာန ဧည့်ရိပ်သာခန်းမတွင် အကျဉ်း ထောင်တာဝန်ခံအရာရှိနှင့်  တာဝန် ရှိသူများက ဆုံးမစကားများ ပြော ကြား၍ ထောင်လွတ်လက်မှတ် နှင့်အတူ  စားစရိတ်၊ ခရီးစရိတ်များ ပေး၍    လွှတ်ပေးခဲ့ကြကြောင်း သိရသည်။    

ခိုင်ထူး (ပြန်/ဆက်)