
နေနှောင်းအိမ်
ကော်ဖီ ကို နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း သောက်သုံးတတ်တဲ့သူတွေဟာ သူတို့ရဲ့ နံနက်ခင်း ကို ကော်ဖီတစ်ခွက် သောက်ရင်း စတင်လေ့ရှိတယ် လို့ ဆိုပါတယ်။ ကော်ဖီကို နံနက်ပိုင်းသောက်တာက တစ်နေ့တာ စတင်မယ့် အားအင်တွေကို တိုးပွားစေ ပါတယ်။ နေ့လယ်ပိုင်းသောက်တာက အစာခြေ စနစ်ကို ကူညီပေးပြီး အစာအဆိပ်တက် ငိုက်မြည်း ခြင်းကနေ ကာကွယ်ပေးပါတယ်။ နောက်ပြီး ညနေပိုင်းသောက်တာက လန်းဆန်းစေတယ်လို့ ဆိုတာကြောင့် အချို့ ကော်ဖီချစ်သူတွေဟာ တစ်နေ့ကို သုံးကြိမ်လောက် သောက်သုံးလေ့ ရှိပါတယ်။
အဓိကဝင်ငွေရင်းမြစ်ဖြစ်
ယူဂန္ဓာနိုင်ငံအရှေ့ပိုင်း ဘူလမ်ဘူလီခရိုင် တောင်တန်းဒေသ ကီကိုဘီရိုကျေးရွာတစ်ရွာမှ ဆမ်ဝီရီ နန်ဂိုလီဟာ ကော်ဖီပင်တွေကို ပြုစု စောင့်ရှောက်တဲ့ အတတ်ပညာတစ်ခုကို ဘိုးဘေး ဘီဘင်တွေရဲ့ လက်ဆင့်ကမ်း အမွေပေးခဲ့မှုမှ လက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကလေး ဘဝတည်းက အသက် ၇၅ နှစ်အရွယ်ရှိ နန်ဂိုလီ ဟာ ရပ်ကွက်အတွင်းက ကလေးတွေကဲ့သို့ ကော်ဖီ ဟာ မိသားစုတစ်စုအတွက် အဓိကဝင်ငွေရင်းမြစ် ဖြစ်ကြောင်း သင်ကြားခဲ့ရပါတယ်။
ကော်ဖီပင်တွေ ပေးလေ့ရှိ
ဒါဟာ မျိုးဆက်တစ်ခုကနေတစ်ခု ဆင်းသက် လာတဲ့ မိသားစုဓလေ့တစ်ခုဖြစ်ပြီး ယောကျ်ား လေးယောက် အရွယ်ရောက်လာတဲ့အခါ ဘဝသစ် တစ်ခုစတင်နိုင်ဖို့အတွက် ကော်ဖီပင်တွေ ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဆမ်ဝီရီဟာ ဝေးလံခေါင်သီတဲ့ ကျေးရွာမှ အထူးကော်ဖီတွေကို ကမ္ဘာ့အဓိက မြို့ကြီးတွေမှာ ရောင်းချဖို့ ခရီးနှင်နေ တဲ့ မာတင်နန်ဂိုလီအား ထိုအတတ်ပညာကို လက်ဆင့်ကမ်းခဲ့ပါတယ်။
ပြေလည်အောင် ဖြေရှင်းခဲ့ရ
မကြာသေးမီက ဆင်ဟွာနဲ့ပြုလုပ်တဲ့ အင်တာ ဗျူးတစ်ခုမှာ နန်ဂိုလီက ၁၉၇၀ ပြည့်နှစ်တွေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေ နဲ့ ကြုံတွေ့ခဲ့ရပြီး အိမ်နီးချင်း ကင်ညာနိုင်ငံကို ကော်ဖီမှောင်ခိုသွင်းခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက အမှန်တကယ်ခက်ခဲကြောင်း၊ ကော်ဖီကို မှောင်ခိုတင်သွင်းလို့ ရတဲ့ငွေနဲ့ ဆား၊ သကြားစတဲ့ မိသားစုစားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဝယ်ယူဖြည့်ဆည်းခဲ့ရ သလို ကလေးတွေ ကျူရှင်ကြေးတွေကိုလည်း ထိုနည်းနဲ့ ပြေလည်အောင် ဖြေရှင်းခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လန်ဒန်သို့ တင်ပို့နိုင်ပြီဖြစ်
နှစ်အတန်ကြာလာတော့ ၎င်းရဲ့သားဖြစ်သူ နန်ဂိုလီဟာ ကော်ဖီအထွက်နှုန်းတိုးစေပြီး ပိုမို ကောင်းမွန်တဲ့ စိုက်ပျိုးရေးအတတ်ပညာကို ရွာမှာ မိတ်ဆက်ခဲ့ပါတယ်။ ၎င်းရဲ့အဖွဲ့အစည်း ခီကိုဘီရို ကော်ဖီမှတစ်ဆင့် လက်ရှိမှာ ရွာက ကော်ဖီတွေကို လန်ဒန်သို့ တင်ပို့နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဘော်လ်ကန်နိုင်ငံများကဲ့သို့သော ဈေးကွက်သစ် တွေကိုလည်း ပစ်မှတ်ထားလာနိုင်ပြီ ဖြစ်ပါတယ်။ ကော်ဖီကနေ ရောင်းလို့ရတဲ့ ငွေကြေးအချို့ကို လူငယ်လူရွယ်များ စာပေတတ်မြောက်ရေးအတွက် ရွာမှာ မူလတန်းကျောင်း နှစ်ကျောင်း ဆောက်လုပ် ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုတွေအတွက် အဓိက ကျောရိုးသဖွယ်
ကျောင်းလခမပေးနိုင်တဲ့ ကျောင်းသားမိဘ အချို့ကို ငွေပေးချေမှုပုံစံအဖြစ် ကျောင်းအုပ်ချုပ်ရေး အဖွဲ့သို့ ကော်ဖီယူဆောင်လာကြဖို့ တိုက်တွန်းထား တယ်လို့ နန်ဂိုလီက ပြောပါတယ်။ ကွင်းခရိုင်ရှိ အငြိမ်းစားဆေးဘက်ဆိုင်ရာ ဆရာဝန် အဲလ်ဖရက် ဘိုယို မာရှန်ဒစ်ရှ်က ကော်ဖီတန်ဖိုးမြှင့်ကွင်းဆက် ကို အပင်ကနေ တင်ပို့တဲ့နေရာအထိ ကြီးကြပ် လုပ်ဆောင်ပါတယ်။ ကော်ဖီကုမ္ပဏီတစ်ခုကို ဦးစီး လုပ်ကိုင်နေတဲ့ မာရှန်ဒစ်ရှ်ကလည်း ဆင်ဟွာနဲ့ အင်တာဗျူးတစ်ခုမှာ ယူဂန္ဓာနိုင်ငံရဲ့ ကျေးလက် ဒေသအများစုက မိသားစုတွေအတွက် ကော်ဖီဟာ အဓိကကျောရိုးသဖွယ်ဖြစ်တယ်လို့ ပြောပါတယ်။
သုံးနှစ်မှ လေးနှစ်အထိ ကြာ
မာရှန်ဒစ်ရှ်က ၎င်းရဲ့ ခြံဝင်းအတွင်းမှာ အသေး စားကော်ဖီထုတ်လုပ်တဲ့ စက်ရုံတစ်ခုရှိပြီး အလုပ် သမားအများစုမှာ လူငယ်တွေဖြစ်တယ်လို့ဆိုပါ တယ်။ အသက် ၂၉ နှစ်အရွယ် အွန်းနစ် ချီကက်တူက ကော်ဖီဆွတ်ခူးချိန်ဟာ စိုက်ပျိုးချိန်ကနေ သုံးနှစ်မှ လေးနှစ်အထိ ကြာတယ်လို့ ပြောပါတယ်။ ဒါကို လူတွေအများစုက စိတ်မရှည်ကြဘူး၊ မြန်မြန်ခူးပြီး မြန်မြန်ပိုက်ဆံလိုချင်တယ်။ ကော်ဖီကို ရေရှည် တည်တံ့အောင် ထုတ်လုပ်ချင်ပေမယ့် လူငယ်တွေ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် အောင်မြင်မှာ မဟုတ် သလို ကော်ဖီတန်ဖိုးမြှင့် ကွင်းဆက်ထုတ်လုပ်ရာ မှာလည်း လူငယ်တွေပါဝင်မှုဟာ အလွန်ကိုအရေး ကြီးတယ်လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ရန်လည်းလို
ခေတ်ရေစီးကြောင်းကိုကြည့်ရင်လည်း ကော်ဖီ စိုက်သူ အများစုဟာ အသက်ကြီးပိုင်းတွေများတယ်၊ ဒါကြောင့် လူငယ်လူရွယ်တွေအနေနဲ့ ကော်ဖီစိုက်တဲ့ လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်မလုပ် ဆောင်ဘူးဆိုရင် တစ်ချိန်ချိန်မှာ ကော်ဖီတန်ဖိုးမြှင့် ကွင်းဆက် ပြတ်တောက်သွားနိုင်ကြောင်းနဲ့ ကော်ဖီ စိုက်ပျိုးလုပ်ကိုင်ခြင်းကို စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် ရှုမြင်ရန်လည်း လိုအပ်ကြောင်း ချီကက်တူက ပြောပါတယ်။
အစိုးရက ကော်ဖီတိုးမြှင့်ထုတ်လုပ်ဖို့ရည်မှန်း
ဒါ့အပြင် ကော်ဖီတစ်ဧကနဲ့ အိုင်ယာလန်အာလူး တစ်ဧက စိုက်ပျိုးရင် ကွာခြားချက်က အလွန်ကြီးပြီး ကော်ဖီပင်ဟာ ကြီးလာတဲ့အခါ နှစ်များစွာကြာ ခူးဆွတ်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ လက်ရှိမှာ ယူဂန္ဓာ အစိုးရက ၂၀၃၀ ပြည့်နှစ်မှာ ကော်ဖီကို တိုးမြှင့်ထုတ်လုပ်ဖို့ ရည်မှန်းထားနေတဲ့ အတွက် ကော်ဖီစိုက်ပျိုးရေးကို တိုးချဲ့လုပ်ဆောင်ဖို့ တောင်သူတွေကို တိုက်တွန်းထားပါတယ်။ ကော်ဖီ စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုသူ မိသားစု ၁ ဒသမ ၇ သန်းဟာ ဝင်ငွေသုံးဆရရှိလာမယ်လို့ ဆိုပါတယ်။
ဥရောပနဲ့ အမေရိကန်ဈေးကွက်တွေအပြင် ယူဂန္ဓာနိုင်ငံဟာ လက်ရှိမှာ တရုတ်၊ ဘော်လ်ကန် နိုင်ငံများကဲ့သို့သော ဈေးကွက်သစ်တွေကို ရှာဖွေ နေပြီ ဖြစ်ပါတယ်။ ။
ကိုးကား - ဆင်ဟွာ