မိန်းမလှကျွန်းကမ်းဘေးတွင် မိကျောင်းဆွဲခံရသူ၏ ရုပ်အလောင်းကို ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

 

ဘိုကလေး အောက်တိုဘာ ၁၅


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်ရှိ    ရေချို    ရေငန်စပ် မိကျောင်းများ        ကျင်လည် ကျက်စားရာ    နေရာဖြစ်သော မိန်းမလှကျွန်း   ကမ်းဘေးတွင် ကဏန်းထောင်သူ   အမျိုးသား တစ်ဦး   အောက်တိုဘာ   ၁၂ရက် ညနေပိုင်းက မိကျောင်းဆွဲခံရပြီး ၎င်း၏           ရုပ်အလောင်းကို ယမန်နေ့ အောက်တိုဘာ ၁၄ရက် ညနေပိုင်းတွင်    ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

 


မိ‌ကျောင်းဆွဲ       ခံရသူမှာ ဘိုကလေးမြို့နယ်    ဆပ်ကျွန်း ကျေးရွာအုပ်စု   ပဒဲကောကျေးရွာ နေသူ စိုင်းခန့်ဇော်(၁၆)နှစ်ဖြစ်ပြီး ၎င်း၏         ရုပ်အလောင်းကို ကျေးရွာအုပ်ချုပ်ရေး    အဖွဲ့များ နှင့်   ကျေးရွာနေပြည်သူများက လိုက်လံရှာဖွေရာ   ပဒဲကောရေ ကျော်ချောင်းအနီး    မှောက်လျက် အနေအထားဖြင့်    ညာဘက် လက်ပြင်တွင်  သွားကိုက်ဒဏ်ရာ တစ်ချက်၊     ညာဘက်  လက်ခုံ    သွားကိုက်ဒဏ်ရာ      နှစ်ချက်၊ ရင်ညွန့်  အလယ်တည့်တည့်တွင်   အူများထွက်ကာ       သေဆုံး နေကြောင်း  တွေ့ရသဖြင့် တာဝန် ရှိသူများက    ရုပ်အလောင်းကို ကြိမ်ချောင်းကြီးတိုက်နယ်ဆေးရုံသို့   ပို့ဆောင်ခဲ့သည်။

 


ဘိုကလေးမြို့နယ်၌ မိကျောင်း ဆွဲခံရမှုမှာ        နှစ်စဉ်နှစ်တိုင်း     ဖြစ်လေ့ဖြစ်ထရှိပြီး      ယခုနှစ် မိကျောင်းဆွဲခံရမှုဖြစ်စဉ် သုံးကြိမ်      ရှိပြီဖြစ်ကြောင်း၊      တာဝန်ရှိ          ဌာနများမှလည်း   အန္တရာယ်ရှိသည့်   နေရာဒေသ  မြစ်၊  ချောင်းများ၌ မိကျောင်းအန္တရာယ်      သတိပေး ဆိုင်းဘုတ်များ    နှိုးဆော်စိုက်ထူ ထားရှိပေးကြောင်းနှင့်    လက်လုပ် လက်စား   တံငါသည်များအဖို့ ဝမ်းရေးဖြေရှင်းနိုင်ရေးအတွက် မလွှဲသာ မရှောင်သာ  ငါး၊  ပုစွန်၊ ကဏန်းရှာကြရင်း     မိကျောင်း အန္တရာယ်နှင့်       ရင်ဆိုင်ကြရ ကြောင်း       ဒေသခံတစ်ဦး၏ ပြောကြားချက်များအရ    သိရ သည်။            

မိုးစက်(ဘိုကလေး)