
နေပြည်တော် ဖေဖော်ဝါရီ ၂၄
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန် ကူးမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ တောင်ချေကျေးရွာနေ ဒေါ်မချေ (ခ) မသန်း၊ မဌေးဌေးစိုး၊ ကျောက်ဖြူမြို့နယ် ငါးလှဝှေ့ကျေးရွာနေ ဒေါ်ကြောင်မ၊ မအေးအေးစိုးနှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နေ မနီနီကျော်တို့က ရခိုင် ပြည်နယ် စစ်တွေမြို့နေ မ --- (၁၆ ) နှစ်အား တရုတ်နိုင်ငံတွင် တရုတ် ယောကျ်ားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၃၀ ရရှိမည်ဟု ပြောဆို စည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် စစ်တွေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် တရားခံ ဒေါ်မချေ (ခ) မသန်းအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်