
နေပြည်တော် အောက်တိုဘာ ၁
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရပ်ကွက်(၁) ကောင်းကန် ရွာနေ ဒေါ်နာခမ်း(မိ)၊ ကောစင်းကန်ရွာနေ လုကာ(ခ) ချစ်ဝင်းသူ(မိ)၊ ဟွေကွယ်အုပ်စု ဖားရံလုံရွာနေ မအေးမီ(မိ)နှင့် ကျိဗေရာမိန် (တိမ်း ရှောင်)၊ မိုင်းပျဉ်းမြို့နယ် လွယ်လုံ(၁)အုပ်စု ဘူးညီကျယ်ကျေးရွာနေ ကျဟား(ခ) ကျဂဲ(မိ) နှင့် လှဝင်း(မိ)၊ ဟူနောရွာနေ ကျဖေ့(တိမ်းရှောင်)နှင့် မနာအူ(တိမ်းရှောင်) တို့က ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ် ပိန်းဆန်းရပ်ကွက် ဆရာစံလမ်းနေ မ - - - (၂၄ နှစ်)ကို တရုတ်နိုင်ငံ တွင် တရုတ်အမျိုးသားနှင့် လက်ထပ်ပါက အဆင်ပြေနိုင်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသား ထံပို့ဆောင် ရောင်းစားခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း၊ (ပ) ၂၉၇/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄/ ၃၂/ ကျင့် ၅၁၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် တရားခံ ဒေါ်နာခမ်း၊ လုကာ(ခ) ချစ်ဝင်းသူ၊ မအေးမီ၊ ကျဟား(ခ)ကျဂဲ၊ လှဝင်းတို့ ငါးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ များအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်