မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်

နေပြည်တော်  စက်တင်ဘာ  ၁၄


တပ်မတော်၏   အဓိကတာဝန် သည်    နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး  လိုအပ်ချက်အရ နိုင်ငံတော်၏    တာဝန်များကို   ခေတ္တတာဝန်ယူထမ်းဆောင်နေရ ခြင်းဖြစ်ကြောင်း၊   စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးပင် ဖြစ်သဖြင့်  စည်းကမ်းသေဝပ်၍ အမိန့်နာခံမှု    ကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့ တာဝန်ထမ်းဆောင်သည့် တပ်၊  တပ်မတော်၊  ဒေသနှင့် တိုင်းပြည်၏  အကျိုးစီးပွားကို   ကောင်းမွန်တိုးတက်အောင်    မိမိ တို့  တတ်စွမ်းသရွေ့  ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး     မိမိ ကိုယ်ကို ထိန်းသိမ်းနေထိုင်ကြရ မည်ဖြစ်ကြောင်း       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ယနေ့မွန်းလွဲပိုင်းတွင်   ပြင်ဦးလွင် တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူ ဆေးမှူးများ၊   ဆရာ   ဆရာမ များ၊   သန္ဓေအရာရှိ၊   စစ်သည်၊ မိသားစုများအား စစ်တက္ကသိုလ်၊


 


ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား စဉ် ထည့်သွင်းပြောကြားသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး  ဒေါ်ကြူကြူလှ၊  ကာကွယ်ရေး ဦးစီးချုပ်(ရေ)        ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)       ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ   တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများ၊   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦး၊  ကျောင်းအုပ်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ        နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ  ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ 


အဓမ္မနည်းဖြင့်ရယူရန်ကြံစည်


နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည်    မိသားစုများသိရှိစေရန်   အနည်းငယ် ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့ သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူ အဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်     အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏  အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန်ကြံစည် ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီ သမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။ 


တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေ သည့် အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံ့အတွက် အရေး ကြီးလှသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မသွားစေရန် လုပ်သင့်လုပ်ထိုက်၊ ပြောသင့် ပြောထိုက်သည်များကို ရွေးကောက်ပွဲမတိုင်မီကာလ များကပင် ထောက်ပြပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေ များကို ကျော်လွန်လုပ်ဆောင်ခဲ့သည့် အခြေအနေ များကို တွေ့ရှိရသောကြောင့် ယခုကဲ့သို့ အခြေအနေ များအထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေးအတွက်   တပ်မတော်အနေ ဖြင့်  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း။


နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်


တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များ ကို   ခေတ္တတာဝန်ယူ ဆောင်ရွက်နေရသည့်အချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍  ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို     ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း၊    ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုသည် ဇွန်လနှင့် ဇူလိုင်လ တို့တွင် အဆိုးဆုံးအခြေအနေဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှု နှုန်းလည်း   မြင့်မားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန် လာမှုကို   ထိန်းချုပ်နိုင်ရန်နှင့်  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင် ဦးဆောင်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကာ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများကို တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ခံစားနေရသူများအတွက်   အဓိကလိုအပ်ချက် ဖြစ်သည့်     အောက်ဆီဂျင်လိုအပ်ချက်များကို အမြန်ဆုံးရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ထို့ပြင် ကာကွယ်ဆေးများရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် ကာကွယ် ဆေးများကို  ဒေသအလိုက်  ဦးစားပေးအုပ်စုများ သတ်မှတ်၍  ထိုးနှံပေးလျက်ရှိကြောင်း၊  လက်ရှိ အချိန်တွင် ကူးစက်ဖြစ်ပွားနှုန်း လျော့ကျလာလျက် ရှိသည်ကို တွေ့ရှိရပြီး တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ ကူးစက်ဖြစ်ပွားမှု နှုန်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။


ကြိုးပမ်းလုပ်ဆောင်


ထို့ပြင် ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို  အမြန်ဆုံး  ကုစားပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း အလုပ် သမားရှားပါးခြင်း၊     လုပ်အားခစရိတ်၊    သယ်ယူ ပို့ဆောင်မှုစရိတ်မြင့်မားမှုများကြောင့် စီးပွားရေးတွင် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်ကို    တွေ့ရှိရ ကြောင်း၊   မိမိတို့နိုင်ငံသည်   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ် သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆက်မပြတ် စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုမြင့်မား ပါက ထုတ်လုပ်သူ၊ အလုပ်သမား၊ ဆက်စပ်လုပ်ငန်း များသာမက ပို့ကုန်ပမာဏကိုပါ မြှင့်တင်နိုင်မည် ဖြစ်သဖြင့်  နိုင်ငံ၏  စီးပွားရေးကိုလည်း  မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆန်နှင့် ရေထွက် ထုတ်ကုန်များ  ပြည်ပသို့  တင်ပို့ရောင်းချရလျက် ရှိသော်လည်း  ဆီနှင့်  အချို့သော  ကုန်ပစ္စည်းများ ကို   တင်သွင်းနေရသောကြောင့်   ပြည်တွင်းကုန် ထုတ်လုပ်မှု မြင့်တက်လာစေရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့်ပတ်သက် ၍  ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်ခွင့်ပြုထားပြီး    အခြားပိတ်ထားရသည့် စက်ရုံ၊  အလုပ်ရုံများ  ပြန်လည်လည်ပတ်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။


ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်


တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိ ပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်  လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံ မှာ အတန်းပညာတတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်   တပ်မတော်အနေဖြင့်   နိုင်ငံတော်၏ တာဝန်များကို       ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို  နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသား  ကျောင်းသူများတွင်   နစ်နာမှုများ ဖြစ်ပေါ်မှုမရှိစေရေး ပြန်လည်ဖွင့်လှစ်သင်ကြား စေခဲ့ကြောင်း၊  သို့သော်လည်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများ ယာယီ ပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် အချိန်တွင်  ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အထက်တန်း ပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက်သူ ဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိ ရသဖြင့် ပညာရေးနှင့်ပတ်သက်ပါက အလေးထားဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ကြောင်း။ 


ပြန်လည်ကျင်းပပေးသွားမည်


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်း   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် အချိန်ကတည်းကပင် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေး အရ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရသဖြင့် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်   အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ    ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ   ၂၀၀၈  ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း။


တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး     လိုအပ်ချက်အရ နိုင်ငံတော်၏တာဝန်များကို     ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန် ဝတ္တရားများကို   ကျေပွန်စွာ  ထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ် အတိုင်း  မိမိထမ်းဆောင်ရသည့်  တာဝန်များကို ကျွမ်းကျင်မှုရှိအောင်   အမြဲမပြတ်   လေ့လာရန်၊ လေ့ကျင့်ရန်နှင့် စစ်စည်းကမ်းကို တိကျစွာ လိုက်နာ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ် ၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလို ကြောင်း၊ မိမိတို့သင်ကြားခဲ့ရသည့် စစ်နည်းဗျူဟာ များကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့် ရုံသာမက လက်တွေ့စစ်မြေပြင်တွင်လည်း ထိရောက် စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အခြေခံစစ်နည်း ဗျူဟာနှင့်  စစ်ပညာများကို  လိုက်နာမှုမရှိပါက စစ်မြေပြင်တွင်   ပေးဆပ်မှုများ  ကြီးမားနိုင်သည် ဖြစ်သဖြင့် စစ်သည်တစ်ဦးချင်းအနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၊   ကျွမ်းကျင်မှုရှိအောင်   လေ့ကျင့်နေရမည် ဖြစ်ကာ စစ်စည်းကမ်းနှင့် အမိန့်နာခံမှုကောင်းမွန် ရမည်ဖြစ်ကြောင်း။ 


လေ့ကျင့်သင်ကြားပေးရမည်


ပြင်ဦးလွင်တွင်       တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းများစွာရှိပြီး         လေ့ကျင့်ရေး၏ အခြေခံဘူမိနက်သန်ပင်ဖြစ်သည့်အတွက်   အရည် အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြက်ကောင်း မွန်သည့် အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊ သင်တန်းသားများ၏ အရည်အသွေး မြှင့်တင်နိုင်ရေး အမြဲမပြတ် လေ့လာဖော်ထုတ်နေရ မည်ဖြစ်ကာ သင်တန်းဆင်းလာပါက ၎င်း၏ အရည် အချင်းနှင့်ကိုက်ညီသည့် လူမှန်နေရာမှန် တာဝန် ပေးအပ်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အရေ အတွက်ထက် အရည်အချင်းကို ဦးစားပေးဆောင်ရွက် ကြစေလိုပြီး   နိုင်ငံတော်နှင့်  တပ်မတော်အတွက် အားကိုးအားထားရသည့် အရာရှိ၊ စစ်သည်များကို မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊  မိမိအနေဖြင့် အရည်အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေး အတွက်      တပ်မတော်စွမ်းရည်ထက်မြက်ရေး၊ စွမ်းပကားမြင့်မားရေးကို အလေးထားဆောင်ရွက် ပေးခဲ့ပြီး စစ်သည်များ ပညာရည်မြင့်မားရေး၊ မိသားစု များ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှုရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ 


ထို့ပြင် မိမိတို့နိုင်ငံ လူဦးရေ၏ ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သောကြောင့် အမျိုးသမီး အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေး ခဲ့ကာ   နိုင်ငံတကာ   တပ်မတော်များနှင့်   ရင်ပေါင် တန်းနိုင်အောင်      ကြိုးပမ်းလုပ်ဆောင်ပေးနိုင်ခဲ့ ကြောင်း။       


ရိုးသားကြိုးစားစွာ ဆောင်ရွက်         


ထို့ကြောင့်  အရာရှိ၊  စစ်သည်၊  မိသားစုများ အနေဖြင့်  မိမိတို့၏  ကိုယ်စီတာဝန်များကို ကျေပွန် အောင်  ထမ်းဆောင်ကာ မိမိဘဝတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊      ထိုသို့ လုပ်ဆောင်ကြရာတွင်လည်း ရောင့်ရဲတင်းတိမ်သည့် စိတ်ဖြင့် ရိုးသားကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ  ဝင်ငွေနှင့်  ထွက်ငွေ  မျှတအောင် နေထိုင်သွားကြ ရန်တိုက်တွန်းလိုပြီး မိမိတို့၏ ကြိုးစားမှု၊ စည်းကမ်း လိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်အောင်  နေထိုင် စားသောက်မှုများအလိုက် အောင်မြင်မှုများ ရရှိနိုင် မည်ဖြစ်ကြောင်း၊ အသိတရား၊ သတိတရား လက်ကိုင် ထား၍ မိမိတို့၏ ကောင်းမွန်သည့် အလေ့အကျင့် ကောင်းများကို အသုံးချကာ ဘဝကို တည်ဆောက်ကြ စေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင်   မိမိတို့  တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး       မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြစေလိုကြောင်း     ပြောကြား သည်။


ရင်းရင်းနှီးနှီး နှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့်   အရာရှိ၊   စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို   မေးမြန်းကာ လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများအား      ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်