
နေပြည်တော် ဇူလိုင် ၂၃
မိမိတို့၏ မိသားစုဂုဏ်၊ ပညာသင်ကြားခဲ့သည့် ကျောင်းတော်ကြီး၏ ဂုဏ်ဆောင်နိုင်ခြင်းမှသည် အမိနိုင်ငံတော်၏ဂုဏ်ကို ထွန်းလင်း ပြောင်စေသည့် မြန်မာ့လူငယ်များဖြစ်အောင် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားဘဝတွင် တပည့်ကောင်းဖြစ် အောင် ကြိုးစားခဲ့သကဲ့သို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တိုင်းပြည်ကို ပြန်လည်ဦးဆောင်ရမည့်သူများ ဖြစ်လာကြဦးမည်ဖြစ်သည့်အတွက် နောင်အနာဂတ်အချိန်တွင်လည်း စည်းကမ်းကောင်းမွန်သည့် ဆရာ ကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်လာကြရေး ဆက်လက် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဂုဏ်ပြု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြား သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း(အငြိမ်းစား)နှင့်ဇနီး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဆုရ စစ်သည်များ၊ ကျောင်းသား၊ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမ များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
စုပေါင်းချီးမြှင့်ပေးအပ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် မျိုးဆက်သစ်မောင်မယ်များ အနေဖြင့် ပညာကို မြတ်နိုးပြီး ကြိုးစားချင်စိတ်များ ပိုမိုပေါ်ထွန်းလာစေရေး ၂၀၁၁-၂၀၁၂ ပညာသင်နှစ် မှစ၍ ဂုဏ်ပြုဆုများကို နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့သည် မှာ ယနေ့ကာလတိုင်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် လည်း ယခင်နှစ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေများကြောင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်(၂)နှစ် စာ စုပေါင်းချီးမြှင့်ပေးအပ်ခြင်းပင်ဖြစ်ကြောင်း။
“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး” ဟူသည့်ဆိုရိုးများသည် ပညာ၏ အရေးပါမှုကို ဖော်ညွှန်းထားခြင်းဖြစ်သကဲ့သို့ အခြားဆောင်ပုဒ်များ၊ ကဗျာ၊ လင်္ကာများဖြင့်လည်း ပညာ၏အခန်းကဏ္ဍများ ကို ဖော်ပြခဲ့ကြကြောင်း၊ ပညာရေးကဏ္ဍတွင် ခေတ်ကာလနှင့်လျော်ညီသည့် ပြဋ္ဌာန်းချက်များဖြင့် သင်ရိုးညွှန်းတမ်းများကိုပြုစုပြီး ဟန်ချက်ညီသည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ သကဲ့သို့ ဆရာများ၏ အရည်အသွေးများ တိုးတက် လာစေရေးကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက်များ ဖြစ်သည့် မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အဦ စသည်များ ကောင်းမွန်စေရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း။
ပညာရေးရင်းနှီးမြှုပ်နှံမှု
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ် (Humen Resources) ကို အဓိကအဖြစ် လက်ခံထားကြကြောင်း၊ လူသားအရင်း အမြစ်ဟူသည် “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်းဖြစ်ပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင်ကြသည်ကို တွေ့ရှိ ရမည်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈(ဂ) အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်၊ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ် ထားသော ပညာရေးဆိုင်ရာ မူဝါဒများနဲ့အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်း သည့် မသင်မနေရ အခြေခံပညာများကို သင်ကြား ရမည်”ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို လေ့လာဆန်းစစ်ကြည့်သည့် အခါတွင် ယနေ့ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများသည် ၂၀၁၀-၂၀၁၁ ပညာ သင်နှစ်တွင် သူငယ်တန်း စတင်တက်ရောက်ခဲ့ပြီး ၁,၁၈၇,၃၉၂ ဦးရှိကြောင်း၊ မူလတန်းအောင်မြင်၍ အလယ်တန်းအဆင့် ပဉ္စမတန်းသို့ တက်ရောက် နိုင်သူ ၈၀၈,၈၇၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၈ ဒသမ ၁၂ ရာခိုင်နှုန်းသာ တန်းစဉ်ကူးပြောင်းခဲ့ကြောင်း တွေ့ရှိရကြောင်း၊ ၃၁ ဒသမ ၈၈ ရာခိုင်နှုန်းသည် မူလတန်းအဆင့်မှာပင် ကျန်ခဲ့ကြောင်း။
အောင်မြင်မှုရာခိုင်နှုန်း
အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် နဝမတန်းသို့ တက်ရောက်နိုင်ခဲ့သူ ၅၈၅,၁၈၂ ဦး ရှိသည့်အတွက် စတင်ကျောင်းနေသူဦးရေ၏ ၄၉ ဒသမ ၂၈ ရာခိုင်နှုန်းရှိပြီး ၅၀ ဒသမ ၇၂ ရာခိုင်နှုန်း ကျန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နဝမတန်းမှ တက္ကသိုလ်ဝင်တန်း တက်ရောက်နိုင်သူသည် ၂၃၂,၁၄၈ ဦးရှိသဖြင့် စတင်ကျောင်းနေသူဦးရေ၏ ၁၉ ဒသမ ၅၅ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၄၅ ရာခိုင်နှုန်း ကျန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုရာ တွင် ကျောင်းတွင်း၊ ပြင်ပ ဖြေဆိုအင်အား စုစုပေါင်း ၂၈၁,၇၅၁ ဦးရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦး အောင်မြင်သည့်အတွက် အောင်မြင်မှု ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း။
ပညာတတ်အင်အားများစွာ လိုအပ်
ထို့ကြောင့် တန်းစဉ်ကူးပြောင်းနိုင်မှုမရှိဘဲ လျော့နည်းသွားသည့် အင်အားသည် မူလတန်းတွင် ၃၁ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် အလယ်တန်းတွင် ၂၇ ဒသမ ၆၅ ရာခိုင်နှုန်းရှိကြောင်း၊ ယခု ၁၀ နှစ် ကာလအတွင်း၌ ပညာရေးအခြေအနေသည် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ကို ကျော်လွန် ပြီး အထက်တန်းအဆင့်၊ တက္ကသိုလ်တက်ရောက်နိုင် သည့် အဆင့်ရှိသူ အလွန်နည်းပါးနေသည်ကို တွေ့ရှိ ရသည်ဖြစ်သည့်အတွက် ဆယ်စုနှစ်များစွာဆိုပါက နိုင်ငံအတွက် လိုအပ်သည့် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ် ကြောင်း။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိရာ၌ အချို့သော တပ်မတော်ပညာရေး ကျောင်းများနှင့် တပ်မတော် အခြေခံပညာအထက် တန်းကျောင်းများသည် ကျောင်းအလိုက် အောင်ချက် ၄၅ ရာခိုင်နှုန်းအထက်ရှိပြီး တပ်မတော်အခြေခံ ပညာ အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည့် အ.ထ.က(၂) မင်္ဂလာဒုံသည် အောင်ချက် ၈၈ ဒသမ ၃၈ ရာခိုင်နှုန်း၊ တပ်မတော်ပညာရေးကျောင်းများ အတွင်း၌ အမှတ်(၂) ပညာရေးကျောင်းသည် ၈၈ ဒသမ ၂၄ ရာခိုင်နှုန်းနှင့် အသီးသီးအောင်မြင်ခဲ့ ကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့ရကြောင်း။
စံနမူနာယူအားထုတ်
ထို့ကြောင့် အ.ထ.က(၂) မင်္ဂလာဒုံနှင့် အမှတ်(၂)ပညာရေးကျောင်းတို့မှ အစပြု၍ အောင်ချက်မြင့်မားသည့်ကျောင်းများက သက်ဆိုင်သူ အားလုံးတို့၏ ကြိုးစားအားထုတ်မှုပိုင်းကို ချီးမွမ်းဂုဏ်ယူပါကြောင်း နှင့် အောင်ချက်ရာခိုင်နှုန်း ကျဆင်းနေသေးသည့် ကျောင်းများအနေဖြင့်လည်း အလားတူ အောင်မြင် မှုမျိုးရရှိကြရေးအတွက် စံနမူနာယူ အားထုတ် ကြိုးပမ်းသွားကြရန်လိုကြောင်း။
ချီးမြှင့်ထိုက်သူများကို ဂုဏ်ပြု
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်နှင့် ၂ဝ၂၁-၂၀၂၂ ပညာ သင်နှစ်များတွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သူ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းသားသမီး များ၏ အောင်မြင်မှုများကို ကြည့်လိုက်မည်ဆိုပါက (၆)ဘာသာ ဂုဏ်ထူးရှင် ၈၃ ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် ၁၉၁ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၂၇၄ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၄၂၇ ဦး၊ (၂)ဘာသာ ဂုဏ်ထူး ၇၉၀ ဦး၊ (၁)ဘာသာဂုဏ်ထူး ၂,၉၀၉ ဦး ရှိသည်ကိုတွေ့ရပါကြောင်း၊ ထို့အပြင် (၃)ဘာသာ ဂုဏ်ထူးရစစ်သည် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရ စစ်သည် ၆ ဦး၊ (၁)ဘာသာဂုဏ်ထူးရ စစ်သည် ၁၃၄ ဦးရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ဘက်စုံထူးချွန်သူ ၃၅ ဦး၊ နိုင်ငံတော် အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ဆုရရှိသူ ၁၁ ဦး၊ တက္ကသိုလ်ပညာသင်ဆုရရှိသူ ၈၅ ဦးရရှိကြသည့်အတွက် နှစ်စဉ်ပညာရေးအောင်မြင် မှု တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ချီးမြှင့်ထိုက်သူများကို ဂုဏ်ပြု ဆုချီးမြှင့်မည်ဖြစ်သည်ကိုလည်း ပြောကြားလို ကြောင်း။
ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်
ယနေ့ အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူး ရရှိသူ ၇၅ ဦး၊ (၅)ဘာသာ ဂုဏ်ထူးရရှိသူ ၁၇၈ ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၆ ဦးနှင့် ဘက်စုံ ထူးချွန် သူ ၁၆ ဦးတို့ကို ဆုချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ကျန်ဆုရရှိသူများကို တိုင်းစစ်ဌာနချုပ် အသီးသီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နှင့် ပညာထူးချွန်ကြသူများအပြင် အောင်ချက် အကောင်းဆုံးဖြစ်သည့် တပ်မတော်အခြေခံပညာ အထက်တန်း ကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်းများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း။
စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်း သားသမီး များအတွက် တပ်မတော်မှ တက္ကသိုလ်ပညာသင်ဆု များကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရမှတ်များအလိုက် အမှတ်အများဆုံးရရှိသူများကို ရွေးချယ်ချီးမြှင့်ပေး ခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိဆေးတက္ကသိုလ် များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေး တက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံထူးချွန်သူများ၊ ရေကြောင်းတက္ကသိုလ်နှင့် လေကြောင်းတက္ကသိုလ်တို့ အတွက် တက္ကသိုလ်ပညာသင်ဆုရရှိသူ စုစုပေါင်း ၄၈၉ ဦးကို ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း။
တပည့်ကောင်းဖြစ်အောင်ကြိုးစား
စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်နှင့်အညီ ဆက်လက်လျှောက်လှမ်းရမည့် ဘဝအနာဂတ်ခရီး တွင်လည်း မောင်တို့မယ်တို့ ကျောင်းခန်းထဲတွင် တွေ့ခဲ့ရသည့် “အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းက” ဟူသည့် ဆောင်ပုဒ်လေးကို မမေ့မလျော့ ဘဲ နေသွားကြရန် လိုအပ်ကြောင်း၊ မောင်တို့မယ် တို့သည် မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှု အောက်တွင် ကောင်းမွန်သည့် စည်းကမ်းများ၊ ကိုယ်ကျင့် တရားများနှင့်အညီ ကြိုးစားအားထုတ်ခဲ့ ကြသောကြောင့် ယခုကဲ့သို့ အခမ်းအနားကြီးကို တက်ရောက်ခွင့်ရခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားဘဝတွင် တပည့်ကောင်းဖြစ်အောင် ကြိုးစားခဲ့သကဲ့သို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တိုင်းပြည်ကို ပြန်လည်ဦးဆောင်ရမည့်သူများ ဖြစ်လာကြဦးမည်ဖြစ်သောကြောင့် နောင် အနာဂတ် အချိန်တွင်လည်း စည်းကမ်းကောင်းမွန်သည့် ဆရာကောင်းများ၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာ ကြရေး တိုက်တွန်းမှာကြားလိုကြောင်း။
ပညာသင်ကြားခွင့်ရရေး
ကမ္ဘာကြီးဖြစ်ပေါ် တိုးတက်လာမှုသည် လူသား များ၏ တီထွင်ကြံဆမှုများကြောင့်ပင်ဖြစ် ကြောင်း၊ ခေတ်အလိုက်ပြောင်းလဲလာသည့် စက်မှု ကဏ္ဍ၊ နည်းပညာကဏ္ဍ၊ အာကာသဆိုင်ရာပညာရပ် များနှင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များသည် ပညာမှတစ်ဆင့် မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ် ထားသည့် ဦးတည်ချက်(၉)ရပ်ထဲတွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့်အချက်ကို မောင်တို့မယ်တို့ တွေ့ရှိရမည်ပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင်း စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်းစာရင်း များအရ နိုင်ငံသားအားလုံး၏ ၃ ပုံ ၁ ပုံခန့်သည် အလယ်တန်းအဆင့်အထိသာ ပညာသင်ကြားခဲ့ကြရ သည်ကို တွေ့ရှိခဲ့ရကြောင်း။ ထို့ကြောင့် စနစ်သစ် ပညာရေးကို KG+12 ထိ ဖော်ဆောင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံဥပဒေအရ မူလတန်းပညာ မသင်မနေရဟု ပြဋ္ဌာန်းထားသော် လည်း မိမိတို့အစိုးရအနေဖြင့် KG+9 အခြေခံပညာ လယ်တန်းအဆင့်အထိ ကျောင်းနေအရွယ် ကလေး ငယ်တိုင်း ပညာသင်ကြားခွင့်ရရေးနှင့် အောင်မြင် စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း။
“ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟူသည့် မာဃဒေဝ လင်္ကာလေးအတိုင်း ပညာ၏တန်ဖိုးကို သိနားလည် မှုနှင့်အတူ မိမိတို့တွင် ရှိပြီးသားခံယူချက်ကောင်း များနှင့် အနာဂတ်ဘဝခရီးကို ဆက်လက်ကြိုးစား လျှောက်လှမ်းသွားကြရမည်ဖြစ်ကြောင်း၊ ပညာ ပြည့်ဝရုံတင်မဟုတ်ဘဲ သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများ ရှိနေစေရေးအတွက်လည်း အမြဲကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ကြောင်း၊ ထိုမှသာလျှင် မိမိတို့ တတ်မြောက်ပြီးသား ပညာရပ် များကို မှန်ကန်စွာအသုံးချနိုင်သူများ ဖြစ်လာကြမည် ဖြစ်ကြောင်း။
ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတွင် လည်း ယုံကြည်ချက် ခံယူချက်ကောင်းများနှင့် ပညာ ကို ဆက်လက်ကြိုးစားသင်ယူသွားကြရမည်ဖြစ် ကြောင်း၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ကို နှလုံးသွင်း ပြီး အတတ်ပညာများကို ဆည်းပူးသကဲ့သို့ အသိပညာပိုင်းဆိုင်ရာတွင်လည်း အားနည်းမှု မရှိ စေအောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ပညာသင်ကြားခဲ့သည့် ကျောင်းတော်ကြီး၏ ဂုဏ်ဆောင်နိုင်ခြင်းမှသည် အမိနိုင်ငံတော်၏ဂုဏ်ကို ထွန်းလင်းပြောင်စေသည့် မြန်မာ့လူငယ်များဖြစ်အောင် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်း များ၏ သားသမီးများမှ ဂုဏ်ထူး (၅) ဘာသာနှင့် အထက်အောင်မြင်ခဲ့သူများ၊ အောင်ချက်အကောင်း ဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် တပ်မတော် ပညာရေးကျောင်းများ၊ တပ်မတော်အခြေခံ ပညာကျောင်းများနှင့် ဘက်စုံထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၏ ဆုရရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် အောင်ချက် အကောင်းဆုံးပထမဆုရရှိသည့် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်း (မင်္ဂလာဒုံ) အောင်ဆန်း သူရိယ လှသောင်းကျောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင် နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် အောင်ချက်အကောင်းဆုံး ဒုတိယ ဆုရရှိသည့် အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)တို့မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ အရာရှိများကို လည်းကောင်း။
ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်း ပေးအပ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တပ်မတော် ပညာရေးကျောင်းများမှ အောင်ချက်အကောင်းဆုံး တတိယဆုနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက် အကောင်းဆုံးပထမဆုတို့ ရရှိသည့် အမှတ်(၂) ပညာရေးကျောင်း(မိတ္ထီလာ)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံး ဒုတိယ ဆုနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက် အကောင်းဆုံး တတိယဆုတို့ ရရှိသည့် အမှတ်(၅) ပညာရေးကျောင်း (တောင်ငူ)တို့မှ ကျောင်းအုပ်ကြီးများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာထူးချွန်လူငယ်ဆု ရရှိသည့် ဒုတိယ ဗိုလ်မှူးကြီး အောင်မင်း ၏ သား မောင်ဇေလင်းထက်၊ အုပ်ခွဲတပ်ကြပ်ကြီး မင်းအောင်၏ သား မောင်ရဲရင့် မင်းထက်၊ ဗိုလ်ကြီး သက်နိုင်ဝင်း(အငြိမ်းစား)၏ သမီး မသွန်းပိုးရတီ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၆) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သည့် ဗိုလ်မှူးကြီး ဒေါ်တင်မာရီ၏ သား မောင်ပြေ လင်းသန့်၊ ဗိုလ်ကြီး ကျော်ကျော်အောင်(အငြိမ်းစား)၏ သမီး မပန်းပြည့်သခင်၊ ဒုတိယအရာခံဗိုလ် တင်ထွန်း ၏ သမီး မယွန်းနဒီအောင် တို့ကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က ဘက်စုံပညာထူးချွန်လူငယ်ဆု ရရှိသည့် တပ်ကြပ်ကြီး/စာရေး တင်နိုင်၏ သမီး မရွှန်းလဲ့မောင်၊ ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၏ သမီး မမေဆင်းသစ်၊ ဒုတိယအရာခံဗိုလ် သန်းဇော် ၏ သမီး မရွှေပြည့်လျှံဦး၊ ဒုတိယဗိုလ်မှူးကြီး တင်ဇော်လတ်၏ သား မောင်မြတ်မင်းသန့်၊ စစ်သည် အစားခန့် အရပ်သားဝန်ထမ်း ဒေါ်ဆွေဆွေဝင်း ၏ သမီး မမြတ်မိုးသူ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး သာမိုး ၏ သမီး မမိုးပြည့်သစ္စာနိုင်၊ ဒုတိယဗိုလ်မှူးကြီး သာထူးဝင်း ၏ သမီး မညိုလဲ့နဒီ၊ ဗိုလ်မှူးကြီး မင်းမင်းထွန်း၏ သား မောင်ဟိန်းထက် ဇော်၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဝင်း ၏ သား မောင်ရန်နိုင်အောင်၊ စစ်သည်အစားခန့် အရပ်သား ဝန်ထမ်း ဦးအောင်မြင့် ၏ သမီး မယွင်ဝေသာလီ တို့ကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက် အကောင်းဆုံး ပထမဆုရရှိသည့် အမှတ်(၁၁) ပညာရေးကျောင်း(မုံရွာ)၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက် အကောင်းဆုံး ဒုတိယဆုရရှိသည့် အမှတ်(၉)ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီးများကို လည်းကောင်း၊ တပ်မတော်အခြေခံပညာအထက် တန်းကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံး တတိယဆုရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (နေပြည်တော်)နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံး တတိယဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (သိန်းနီ) တို့မှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ဆက်လက်ပြီး ဘက်စုံပညာထူးချွန်လူငယ်ဆု ရရှိသည့် အရာခံဗိုလ် သန်းဝင်းခိုင် ၏ သား မောင်မင်းခန့်သွေး၊ ဗိုလ်ကြီး ကြည်အောင် (အငြိမ်းစား) ၏ သမီး မထက်နန္ဒာလင်း၊ ဗိုလ်ကြီး ဝင်းဆွေ(အငြိမ်းစား)၏ သား မောင်ဇင်မိုးမြင့်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဗိုလ်မှူး ခင်မောင်တင့် ၏ သမီး မသိမ့်ရွှန်းလက်၊ ဒုတိယတပ်ကြပ် ကျော်သန်းနိုင် ၏ သမီး မထက်ဝေဖြိုး၊ ဒုတိယ တပ်ကြပ် မျိုးသက်နောင် ၏ သား မောင်မြမင်းသွင် တို့ကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်း သန်းနွယ် က ဘက်စုံပညာထူးချွန်ဆုရရှိသူ ဗိုလ်မှူး ကြီး နေဝင်းအောင် ၏ သမီး မမေပီတိအောင်၊ အရာခံဗိုလ် အောင်ကြည် ၏ သား မောင်ရန်လင်း အောင်၊ ဗိုလ်ကြီး မင်းဝေ(အငြိမ်းစား) ၏ သမီး မဖူးပြည့်ကိုကို၊ ဒုတိယအရာခံဗိုလ်/စာရေး ဆန်းမင်းဦး ၏ သမီး မခိုင်ခိုင်မင်းဦး၊ တပ်ကြပ်ကြီး/သားဖွား ဒေါ်မိုးစန္ဒာ ၏ သမီး မခင်သံသာ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဗိုလ်မှူးကြီး ဇော်လွင် ၏ သမီး မသင်းမြတ်ရတီ၊ ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ၏ သမီး မမြင့်မြတ်သွယ်၊ အရာခံဗိုလ် ကြည်စိုး ၏ သမီး မသန့်ရတီအောင်၊ ဒုတိယအရာခံ ဗိုလ်/စာရေး မင်းကြည်လေး ၏ သမီး မသူသူနှင်း၊ ဗိုလ်ကြီး အောင်ရဲထွန်း(အငြိမ်းစား) ၏ သမီး မမြသက်ချယ်တို့ကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက (၆)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ဇနီးက (၆)ဘာသာဂုဏ်ထူးရှင် ၁၀ ဦး ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က (၆)ဘာသာဂုဏ်ထူးရှင် ၉ ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ ဇနီးက (၆)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က (၆)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က (၆)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က (၅) ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၏ ဇနီးက (၅) ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက (၅) ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဇနီးက (၅)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင် က (၅)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က (၅) ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က (၅) ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က (၅) ဘာသာဂုဏ်ထူးရှင် ၉ ဦးကိုလည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၏ ဇနီးက (၅)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က (၅)ဘာသာဂုဏ်ထူးရှင် ၉ ဦးကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ၏ ဇနီးက (၅)ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ၏ ဇနီးက (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား) က (၅)ဘာသာဂုဏ်ထူးရှင် ၁၀ ဦးကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က (၂) ဘာသာဂုဏ်ထူးရှင် စစ်သည် ၆ ဦးကို လည်း ကောင်း ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆုများ ပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များ ကိုယ်စား ဘက်စုံပညာထူးချွန်ဆုရ မရွှေပြည့်လျှံဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြ သူများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက် ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်း မြဝတီ ခေတ်ပေါ်တေးဂီတအဖွဲ့က လူငယ်ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များက ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများအား ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်အထိ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် စစ်သည် ၁၇၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် စစ်သည် ၇ ဦး၊ သုံးဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၃၁၉၅ ဦး၊ တက္ကသိုလ်ပညာ လူငယ်ထူးချွန်ဆုရရှိသူ ၂၀၃ ဦး၊ နိုင်ငံတော်အဆင့် ကာတွန်း၊ ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသူ ၂၉ ဦးနှင့် တက္ကသိုလ်ပညာသင်ဆုရရှိသူ ၄၈၉ ဦး၊ စုစုပေါင်း ၄၀၉၇ ဦးကို နေပြည်တော်တွင် အခမ်း အနားဖြင့်လည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၅၄၀၃ဦး၊ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၁၅၃၆ ဦး၊ စုစုပေါင်း ၆၉၃၉ ဦးကို တိုင်းစစ်ဌာနချုပ်များတွင် အဝေးရောက် ဂုဏ်ပြုဆုများဖြင့် လည်းကောင်း ထိုက်ထိုက် တန်တန် ချီးမြှင့်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့အခမ်းအနားတက်ရောက်သည့် ၅ ဘာသာ ဂုဏ်ထူးနှင့်အထက် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများသာမက တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၂၉၀၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၇၉၀၊ သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၂၇ ဦး၊ လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၂၇၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ စစ်သည် ၁ ဦး၊ တစ်ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်သူ စစ်သည် ၁၃၄ ဦး၊ ဘက်စုံထူးချွန် လူငယ် ၁၇ ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ တက္ကသိုလ် ပညာသင်ဆုရရှိသူ ၈၅ ဦး စုစုပေါင်း ၄၆၄၈ ဦးတို့ကို လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လေ့လာရေးခရီးစဉ်များစေလွှတ်
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ကို နိုင်ငံတကာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် အသိပညာများ သိရှိစေရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများသို့ နှစ်စဉ် လေ့လာရေးခရီးစဉ်များစေလွှတ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများအနက် အမှတ်အများဆုံးရရှိခဲ့သူ ၃၀၊ စစ်သည် ၃ ဦး၊ အောင်ချက်အကောင်းဆုံး တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းနှင့် တပ်မတော်ပညာရေး ကျောင်းတို့မှ ကျောင်းအုပ်ချုပ်သူအရာရှိ ၂ ဦးတို့ကို လည်း စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေး ခရီးစဉ်များ စေလွှတ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်