မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်းကြစေလို

 

နေပြည်တော်  အောက်တိုဘာ  ၂၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး  (အရာထမ်း) သင်တန်း   အမှတ်စဉ်   (၁/၂၀၂၂) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး     ဦးစောထွန်း အောင်မြင့် က  ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး       အရာထမ်း သင်တန်းကို       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    လမ်း ညွှန်ချက်နှင့်အညီ   နိုင်ငံ့ဝန်ထမ်း များ   စွမ်းဆောင်ရည်မြှင့်တင် ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်   ပျိုးထောင်ပေးရေးတို့ အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှခေါ်ယူသည့်  သင် တန်းများကိုလည်း ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်မြင့်မားလာစေ ရန်     စေလွှတ်ပေးလျက်ရှိပါ ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ၏   အခြေခံသည်   ပညာရေးနှင့် ကျန်းမာရေးတို့ဖြစ်ပြီး     အခြေခံ ဗဟုသုတနှင့်  ကျွမ်းကျင်ပိုင်နိုင်မှု တို့သည် ဆက်စပ်မှုရှိသောကြောင့် အသိပညာဗဟုသုတကို စဉ်ဆက် မပြတ်ရှာဖွေပြီး   အပတ်တကုတ် လေ့ကျင့်သွားမည်ဆိုလျှင်  ကျွမ်း ကျင်မှုရှိလာမည်ဖြစ်သဖြင့် အမှား အယွင်း နည်းစွာဖြင့် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် ဝန်ကြီး ဌာန၏   လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊    ဥပဒေများ၊   အမိန့် ညွှန်ကြားချက်များကို    သိရှိရန် လိုအပ်သကဲ့သို့ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စဉ်ဆက် မပြတ်လေ့လာပြီး     စနစ်တကျ အသုံးချတတ်စေရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
သင်တန်းသား/သင်တန်းသူ များအနေဖြင့်    သင်တန်းတွင် သင်ကြား    လေ့ကျင့်ပေးမှုများ သည်        အခြေခံမျှသာဖြစ်ပြီး “Never too late to learn” ဆို သည့်စကားအတိုင်း      စဉ်ဆက် မပြတ် သင်ကြားလေ့လာ ကြိုးစား ကြစေလိုပါကြောင်း၊      သို့မှသာ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ တွင် ဝန်ကြီးဌာန၏ အောင်မြင်မှု ကို    အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချ ပေးလိုက်သည့်     သင်ခန်းစာများ၊ အထွေထွေ     ဗဟုသုတများကို အခြေခံ၍       တစ်ဦးချင်းစီ၏ ကိုယ်ပိုင်   အရည်အချင်းများကို အသုံးပြုကာ  ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိ တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ အုတ်တစ်ချပ်     သဲတစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်း    ဆောင်ရွက်ကြ စေလိုပါကြောင်း      ပြောကြား သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က       ယခု သင်တန်းသည် ဆရာကို  ဗဟိုပြု သောသင်ကြားမှုစနစ်ကို မကျင့် သုံးဘဲ   သင်ယူသူဗဟိုပြုသော သင်ကြားမှုစနစ်ဖြင့်    ဆရာနှင့် သင်တန်းသားများ  အပြန်အလှန် ဆွေးနွေး သင်ကြားသွားမည်ဖြစ်ပါ ကြောင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲ ရေး၊  ဘဏ္ဍာရေး၊   ပေါင်းသင်း ဆက်ဆံရေး၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ မြေယာဥပဒေ၊ မိမိတို့ဌာန မှ   ထုတ်ပြန်ထားသည့်    ဥပဒေ၊ နည်းပဒေများ စသည်တို့ကို နား လည်သဘောပေါက်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်း သို့ သင်တန်းသား   သင်တန်းသူ ၂၉    ဦး   တက်ရောက်ကြပြီး သင်တန်းကာလကို       တစ်လ  ကြာ   သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။   သတင်းစဉ်