မိမိရပ်ရွာဒေသတွင် ယခုထက်မကသော တည်ငြိမ်အေးချမ်းမှုများရရှိအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်

 

ဘားအံ   ဖေဖော်ဝါရီ   ၂၆


ကရင်ပြည်နယ် ဝန်ကြီးချုပ်  ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်    ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီ ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ် အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ သည်။

 


ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်လာမှုနှင့်အတူ ပေါ်ပေါက်လာသော တရားမဝင်အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUG ၊ PDF များ၏ အကြမ်းဖက် လုပ်ရပ်များ၊ ၎င်းတို့နှင့်ဆက်နွှယ်သည့် လက်နက် ကိုင်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများကို ရှင်းလင်းပြောကြားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်း မှုမရှိပါက မည်သည့်လုပ်ငန်းဆောင်တာကိုမျှ ဆောင် ရွက်နိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊   တည်ငြိမ်အေးချမ်းရေးတာဝန်များကို တက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့ကြ သည့်      ယခုအခမ်းအနားသို့    တက်ရောက်လာသူ အားလုံးကို လေးစားဂုဏ်ယူပါကြောင်း၊ ဌာနပြည်သူ့ စစ်များ၏ ရည်မှန်းချက်တာဝန်ဖြစ်သည့်  ပြည်သူ များ၏   အသက်အိုးအိမ်စည်းစိမ်အား   ကာကွယ် စောင့်ရှောက်မှုကို အဟန့်အတားဖြစ်နေသည့် PDF အကြမ်းဖက်အဖွဲ့များအား အမြစ်ပြတ်ချေမှုန်းရန်လို ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထ လှိုင်း အိုမီခရွန်ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား နေပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိရပ်ရွာဒေသတွင် ယခုထက်မကသော  တည်ငြိမ်အေးချမ်းမှုများရရှိအောင် တက်ညီလက်ညီ ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲ  ရှိပါက တင်ပြကြစေလိုကြောင်း ပြောကြားသည်။

 


ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့်  ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များမှ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေ ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကြုံတွေ့ရ သည့် အခက်အခဲနှင့် လိုအပ်ချက်များအား ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊  အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး၊   ပြည်နယ် လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး၊   အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့က ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်း များ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 


တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အား    ရင်းရင်းနှီးနှီးတွေ့ဆုံ     အားပေးစကားများ ပြောကြားပြီး   ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)