မိမိပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်

 

နေပြည်တော်   အောက်တိုဘာ   ၁၇


ဆောက်လုပ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေးသည်    ကချင်ပြည်နယ်   လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးသို့ရောက်ရှိပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၈)မှ တာဝန်ယူတည်ဆောက်နေသော (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 


    ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနား မြို့ရှိ မေခဝန်ထမ်းအိမ်ရာ စခန်း အတွင်းရှိ     (၄)ခန်းတွဲ  (၄)ထပ် အဆောက်အဦ        နှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ  တာဝန်ရှိသူများ က ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်    ဆက် လက် ဆောင်ရွက်မည့် လုပ်ငန်း များကို      ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်း ခွင်အတွင်း     လိုက်လံကြည့်ရှု စစ်ဆေးသည်။

 


ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ   ကြီးကြပ်တာဝန်ယူ ဆောင်ရွက်သော   မေခဝန်ထမ်း အိမ်ရာ    (၄)ခန်းတွဲ   (၄)ထပ် အဆောက်အဦ ၃၂ လုံး၊ အခန်း ပေါင်း ၅၁၂ ခန်းကို ဆောင်ရွက် မည်ဖြစ်ပြီး လက်ရှိအဆောက်အဦ ၁၉ လုံး၊ အခန်းပေါင်း ၃၀၄ ခန်း ဆောင်ရွက်ပြီးဖြစ်သည်။
ယခုအခါ မေခဝန်ထမ်းအိမ်ရာ စခန်းတွင်   (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ နှစ်လုံး    တည် ဆောက်လျက်ရှိရာ    လုပ်ငန်း အားလုံး  ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်-မြစ်ကြီးနားလမ်းအပိုင်း (763.45 မှ 770.47)km တွင် White Mono-lith လမ်းကုမ္ပဏီမှ စက်ယန္တရား များဖြင့် ကတ္တရာ ကွန်ကရစ်(AC)ခင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ယနေ့တွင်လည်း    ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးရွှေလေးသည်  ကချင် ပြည်နယ်ဝန်ကြီးချုပ်     ဦးခက် ထိန်နန်၊ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊      ဌာန ဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့      ရှောင်လမ်း    ကတ္တရာခင်းခြင်း       လုပ်ငန်းများ ဆောင်ရွက်နေမှုကို    ကြည့်ရှု စစ်ဆေးပြီး  လုပ်ငန်းများ  အရည် အသွေးပြည့်မီရန်နှင့်     သတ်မှတ် အချိန်မီပြီးစီးရေး     အလေးထား   ဆောင်ရွက်ရန်၊  ရေစီး၊  ရေထွက် ကောင်းမွန်ရေးအတွက်    ရေပြွန် များ၊ Box Culvert များ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

 


ထို့နောက် ရွှေဘို-မြစ်ကြီးနား လမ်း KBS ကုမ္ပဏီ၏ ယာယီလမ်း စခန်းရှင်းလင်းဆောင်သို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ရွှေဘို-မြစ်ကြီးနားလမ်း km(475.90 မှ 479.00) အထိ    (3.10) km အား ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်   အစိုးရအဖွဲ့၏ အထွေထွေ     ပိုလျှံရန်ပုံငွေဖြင့် (75mm)ထု AC Overlay ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြရာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားပြီး ကတ္တရာကွန်ကရစ် (AC)ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


၎င်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်    ကချင် ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်    ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက   နိုင်ငံတော်   ဖွံ့ဖြိုး တိုးတက်ရေးအတွက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ     လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးနှင့်    အခြေခံ အဆောက်အအုံ   ဖွံ့ဖြိုးတိုးတက် ရေးအတွက်   မိမိတို့တာဝန်ယူ ဆောင်ရွက်သော လုပ်ငန်းများကို အရှိန်အဟုန်မပျက်  ဆက်လက် အကောင်အထည်ဖော်    ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊လုပ်ငန်း များ ဆောင်ရွက်ရာတွင် သတ်မှတ် အချိန်မီပြီးစီးရေးနှင့်      အရည် အသွေး၊    စံချိန်စံညွှန်းပြည့်မီရန် အလေးထား    ဆောင်ရွက်ရန်လို ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း  စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ   လိုက်နာရန်လိုပါ ကြောင်း၊ မိမိပြည်နယ်အတွင်းရှိ အဆောက်အဦ၊  လမ်း၊  တံတား တည်ဆောက်ရေး      လုပ်ငန်း များ တိုးတက်အောင်မြင်အောင် ကြိုးစား     ဆောင်ရွက်စေလိုပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်   ကချင်ပြည်နယ်  လမ်းပန်းဆက် သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများက လမ်းပန်း ဆက်သွယ်ရေး  ဖွံ့ဖြိုးတိုးတက် ရေး၊ တည်ဆောက်ရေးလုပ်ငန်း များ      အရည်အသွေးပြည့်မီ          ရေး၊     ကချင်ပြည်နယ်အတွင်းရှိ  လမ်း၊   တံတားများ    တိုးတက်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊    အိမ်ရာစီမံကိန်း လုပ်ငန်းများ၊  ကျေးလက်လမ်း၊  တံတားများ    အခြေအနေများ၊      ကချင်ပြည်နယ်အတွင်း  ဆောင် ရွက်လျက်ရှိသော    တံတားများ ကို        ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို     ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်