မိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများက ပံ့ပိုးပေးကြရန် လိုအပ်

 

နေပြည်တော်   ဩဂုတ်   ၄


ကျန်းမာရေးဝန်ကြီးဌာန  ပြည်သူ့ကျန်းမာရေးဦးစီးဌာန  အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ၂၀၂၂ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်  အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဦးစွာ  ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်းက   အသက်ငါးနှစ် အောက် ကလေးများ၊     ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှုကို အခံစားရ ဆုံးအုပ်စုဖြစ်ပြီး   ငယ်စဉ်ကပင်    အာဟာရဆိုင်ရာ အသိပညာ နည်းပါးခြင်း၊  လွဲမှားသည့်  ရှေးရိုးအစား အစာ စားသုံးမှုဓလေ့ထုံးစံများ   လွှမ်းမိုးလျက်ရှိခြင်း၊ အာဟာရပြည့်ဝမျှတအောင်     ပြင်ဆင်ချက်ပြုတ် စားသုံးတတ်မှုနည်းပါးခြင်း၊      ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း၊  ကလေးပြုစုစောင့်ရှောက်တတ်မှု အားနည်းခြင်းစသည့်    အကြောင်းအချက်များစွာ ကြောင့်ဖြစ်ကြောင်း၊   ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးများအား   မွေးစမှ  အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာ   တိုက်ကျွေးရန်နှင့် ကလေး အသက်ခြောက်လ ပြည့်သည့်အချိန်မှစ၍  သင့်တော် သော ဖြည့်စွက်စာနှင့်အတူ  အနည်းဆုံး    ကလေး အသက်နှစ်နှစ်အထိ   မိခင်နို့ကို    ဆက်လက်တိုက်ကျွေး ရန် အကြံပြုထားကြောင်း၊  Myanmar Demographic  and  Health Survey        (၂၀၁၅-၂၀၁၆)   ခုနှစ် အရ     မိခင်နို့တစ်မျိုးတည်း       တိုက်ကျွေးနှုန်းသည်  ၅၁  ရာခိုင်နှုန်းအထိရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ် သည် “Step Up for Breastfeeding, Educate and Support” ဖြစ်ပြီး “ မိခင်နို့ချို တိုက်ဖို့ရာ၊   ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”  ဟူ၍     မြန်မာ ဘာသာ ပြန်ဆိုထားကြောင်း၊   မိခင်နို့တိုက်ကျွေးခြင်း သည် အကျိုးကျေးဇူးများစွာ   ရရှိသည့်အတွက် ပိုမို မြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများက ပံ့ပိုးပေး ကြရန် လိုအပ်ကြောင်း၊  အာဟာရစောင့်ရှောက်ရေး လုပ်ငန်း များကို  အောင်မြင်စေရေးဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက   ပြည်သူလူထုအပါအဝင်   အဖွဲ့အစည်းများအားလုံး  လက်တွဲညီညီ  ပူးပေါင်း ဆောင်ရွက်ပေးကြရန်  အလေးအနက်  တိုက်တွန်း ကြောင်း ပြောကြားသည်။  

 


ထို့နောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တ ပတ်နှင့်   အာဟာရဖွံ့ဖြိုးရေး   ရက်သတ္တပတ်များ အထိမ်းအမှတ်ပညာပေး ဗီဒီယိုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေး မှူးချုပ်များနှင့်  ဧည့်သည်တော်များသည် အထိမ်း အမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေး ပြီး အသက်ခြောက်လမှ    ငါးနှစ်အောက် ကလေးများကို   ဗီတာမင်   “အေ”  ဆေးလုံးများ   တိုက်ကျွေးခြင်း၊  ကိုယ်ဝန်ဆောင်မိခင်များကို  အဏု အာဟာရဆေးဘူး များ၊ အိုင်အိုဒင်းဆားထုပ်များနှင့်  လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် နှစ်စဉ် ဩဂုတ်လ၏ ပထမပတ် အား    ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး   ရက်သတ္တပတ် အဖြစ်    သတ်မှတ်၍    လည်းကောင်း၊     ဒုတိယ ရက်သတ္တပတ်အား   ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ       အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်    သတ်မှတ်ပြီး       အင်အားပြည့် ဗီတာမင် “အေ” ဆေးလုံးများ၊ သန်ချဆေးများ  တိုက် ကျွေးခြင်း၊  အာဟာရပညာပေးခြင်းများဆောင်ရွက် ခြင်း၊ တတိယပတ်အား  ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များ  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား  အဏုအာဟာရဆေးပြားနှင့်          ဗီတာမင်ဘီဝမ်း ဆေးပြားများ  တိုက်ကျွေးခြင်း၊ အာဟာရပညာပေး ခြင်းများ ဆောင်ရွက်ခြင်း၊  စတုတ္ထပတ်အား အိုင်အိုဒင်း ချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ် ၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်