
ဘိုကလေး ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမ လှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိ ကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငန်စပ် မိကျောင်းများ မျိုးပွားခိုလှုံကျက်စားရာ ဒေသများ ဖြစ်သည့်အတွက် အဆိုပါဒေသများရှိ မိကျောင်း များသည် ဧပြီလမှ ဇွန်လအထိ မိတ်လိုက်လေ့ရှိ သဖြင့် မိကျောင်းများ၏ သဘာဝအမူအကျင့်အရ သော်လည်းကောင်း၊ အစာအာဟာရကြောင့်သော် လည်းကောင်း လူနှင့်တိရစ္ဆာန်များအတွက် မိကျောင်းအန္တရာယ်ရှိနေသည်။
အဆိုပါ မိတ်လိုက်ရာသီကာလအတွင်း ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ဒီရေတောများနှင့် ဆက်စပ်ရာ ဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူ များသည် ချောင်းကမ်းစပ်များ၌ အိမ်မွေးတိရစ္ဆာန် များ မွေးမြူလွှတ်ကျောင်းရန် မသင့်ကြောင်း၊ ရေ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ချောင်းအတွင်းရေချိုး ဆင်းခြင်းများတွင် ဂရုပြုရန်လိုအပ်ကြောင်း၊ ချောင်း အတွင်းသို့ ရေဆော့ကစားခြင်းများ မပြုလုပ်ကြရန် မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ နှစ်စဉ် သတိပေးနှိုးဆော်လျက်ရှိသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ ဒီရေတောများနှင့် ဆက်စပ်ရာဒေသများတွင် မိကျောင်းများ မိတ်လိုက်၊ အသိုက်ဖွဲ့၊ သားပေါက်သည့်ကာလများတွင် နှစ်စဉ် နှစ်တိုင်း မိကျောင်းဆွဲခံရမှုများ ဖြစ်ပေါ်လေ့ရှိ ကြောင်း သိရသည်။
မိုးစက်
(ဘိုကလေး)