
ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ဝင်းအတွင်း၌ စက်တင် ဘာ ၁၉ ရက် နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်း ဆောင်ရည်မြှင့်တင်ရေး သရုပ်ပြ ပြိုင်ပွဲ ကျင်းပသည်။
သရုပ်ပြပြိုင်ပွဲတွင် Physical Fit ပြိုင်ပွဲနှင့် Emergency Medical Service (EMS)ပြိုင်ပွဲများ၊ အထပ်မြင့် အဆောက်အအုံမီးငြှိမ်းသတ်ခြင်း နှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများနှင့် EMS Team မှလိုအပ်သည့် ဆေးဝါးကုသမှု ပေးခြင်းတို့ကို မီးသတ်ယာဉ် ရှစ် စီး၊ မီးသတ် လူနာတင်ယာဉ် လေး စီးတို့ဖြင့် တစ်ဦးချင်းနှင့် အဖွဲ့ လိုက် ပါဝင်ယှဉ်ပြိုင်၍ သရုပ်ပြသ ကြသည်။
ဘေးအန္တရာယ်အမျိုးမျိုးတို့ တွင် တွေ့ကြုံရမည့် အရေးပေါ် လူနာများကို အသက်ဆုံးရှုံးမှု မရှိစေရေးအတွက် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာအား ကူညီစောင့်ရှောက်ခြင်းနှင့် ကုသ ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေး လုပ်ငန်းနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင် ရည်များမြင့်မားတိုးတက်လာစေရန်နှင့် သက်ဆိုင်ရာတိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ ရှိ မီးသတ်စခန်းများအားလုံးတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သော မီးသတ်တပ်ဖွဲ့ဝင်များ ခန့်အပ်၍ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင် ရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ့ လူထုအပေါ် သဘာဝဘေး အန္တရာယ်များ ကျရောက်လာ ပါက ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ် ၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့်အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး မင်္ဂလာဒုံမြို့နယ် ခုတင် ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူ ဦးဆောင်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အရာရှိကြီးများ၊ ဧည့်သည်တော်များ တက်ရောက် ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)