
တိုကျို စက်တင်ဘာ ၂၉
သီရိလင်္ကာသမ္မတ ရာနေးလ် ဝစ်ခမီ ဆင်ဂေးသည် တောင်အာရှ နိုင်ငံ၏ မြီရှင်များနှင့် ဆွေးနွေး ညှိနှိုင်းရာတွင် ဦးဆောင်အခန်း ကဏ္ဍမှ ပါဝင်ရန် ဂျပန်နိုင်ငံကို တောင်းဆိုလိုက်ကြောင်း သိရသည်။
သီရိလင်္ကာသမ္မတ ရာနေးလ် ဝစ်ခမီ ဆင်ဂေးသည် ယမန်နေ့က ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ ဈာပနအခမ်းအနား သို့ တက်ရောက်ပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင် အင်န်အိတ်ချ်ကေသတင်းဌာနသို့ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံသည် ၎င်း၏ စီးပွားရေး အကျပ်အတည်း ကြောင့် နိုင်ငံခြားကြွေးမြီများ ပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားကြောင်း သိရသည်။
သီရိလင်္ကာသမ္မတက နောက် ထပ်အရေးကြီးသည့် ပြောင်းလဲ တိုးတက်ဖြစ်ပေါ်မှု အဆင့်ကို အဓိကမြီရှင်များနှင့် ဆွေးနွေး မည်ဖြစ်ကြောင်း၊ ဂျပန်ဝန်ကြီး ချုပ် ဖူမီအို ခီရှိဒနှင့် တွေ့ဆုံရာ၌ ဆွေးနွေးပွဲများတွင် ဦးဆောင်ရန် ဂျပန်နိုင်ငံကို တောင်းဆိုလိုက် ကြောင်း ၎င်းက ပြောကြားသည်။
သီရိလင်္ကာပြည်သူများ တော်တော် ဒုက္ခရောက်နေပြီး နိုင်ငံကို ဖြစ်နိုင် သမျှ မြန်မြန် ပုံမှန်ပြန်ဖြစ်ရန် လိုအပ်ကြောင်း၊ သီရိလင်္ကာနှင့် ဂျပန်နိုင်ငံတို့သည် ကာလကြာ ရှည်စွာ မိတ်ဖက်နိုင်ငံများ ဖြစ်ကြ ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင် ကာ ဆက်ဆံရေး ပိုမိုခိုင်မာလာ စေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
အင်န်အိတ်ချ်ကေ