
မော်လမြိုင် စက်တင်ဘာ ၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ စစ်ကဲကုန်း ရပ်ကွက် မောရဝတီပန်းခြံရှေ့၌ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသို့ အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ်လေးစီးအား ကြည့်ရှုစစ်ဆေး သည်၊၊
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က အသစ် ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ်များကို အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များ ၏ စွမ်းရည်သရုပ်ပြမီးငြှိမ်းသတ်မှုများကို ကြည့်ရှု အားပေးသည်၊၊
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၁ စီး ဝယ်ယူခဲ့ရာ ပထမအသုတ် လေးစီးရောက်ရှိပြီး ဒုတိယအသုတ် ခုနစ်စီး ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး တန်ဖိုးငွေကျပ်သိန်း ၆၅၀ ဖြစ်ပြီး SINO Truck HOWO ယာဉ်အမျိုးအစားဖြစ်ကာ မြင်းကောင်ရေ ၁၆၀ အားကို ရေနှင့်အမြှုပ်ဆေးရည် တွဲဖက်အသုံး ပြုနိုင်ကြောင်း သိရသည်၊၊
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မော်လမြိုင်မြို့ ရွှေနတ်တောင် ရေသန့်စင် စက်ရုံဝင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် တည်ဆောက်ထားသည့် တန် ၂၀ ဆံ့ အောက်ဆီဂျင် (အရည်) စက်ရုံမှ လီတာ ၄၀ ဆံ့အိုးများသို့ အောက်ဆီဂျင်ဖြည့်တင်းနေမှုကို ကြည့်ရှုစစ်ဆေး သည်၊၊
အဆိုပါ တန် ၂၀ ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး အလုံး ၅၀ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)