မီးလောင်မှုကြောင့် ဆုံးရှုံးရသည့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဇူလိုင်  ၁၆


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ဥယျာဉ်စုရပ်ကွက် ရွှေအိုးဘိုလမ်း၌ ဇူလိုင် ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် နှစ်လုံး ဆုံးရှုံးခဲ့ရပြီး ထိုသို့ ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု နှစ်စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့သော မိသားစုသုံးပစ္စည်း တစ်စုံ၊ တစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း တစ်စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း တစ်စုံ၊ အမျိုးသမီးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း တစ်စုံနှင့် ရေသန့် ပုံး တစ်ပုံးတို့ကို   နေပြည်တော်  ကြက်ခြေနီကြီးကြပ်မှုကော်မတီ   ဥက္ကဋ္ဌ ဦးအောင်ချို၊ ပျဉ်းမနားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့်  ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇူလိုင် ၁၅ ရက်ကသွားရောက်ကူညီထောက်ပံ့ပေးအပ်ကြောင်း သိရသည်။(ယာပုံ)

မင်းမင်းလတ်(မန်းတက္ကသိုလ်)