မိဘပြည်သူများထံသို့ တိုက်တွန်းနှိုးဆော်ချက်

    n    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်  ယခုလတ်တလော Coronavirus Disease 2019 (COVID-19 ) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တိုးတက်မြင့်မားလျက်ရှိပါသည်။
    n    မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ ဝါဆိုလဆန်း ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင်  ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌  ကျင်းပ ပြုလုပ်သည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမ အကြိမ်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့    ၄၇ ပါးစုံညီ အစည်းအဝေးတွင်     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော်၊      အကျိုးတော်ဆောင်ဆရာတော်နှင့်   အဖွဲ့ဝင် ဆရာတော်ကြီးများက     လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019(COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ  ကင်းဝေးစေရန်အတွက်  ရတနသုတ် ပရိတ် တရားတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူပေးခဲ့ပါသည်။
    n    ထို့အတူ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  (ပထမအဖွဲ့ခွဲ)ကလည်း   လတ်တလော  ဖြစ်ပွားနေသော  Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊  မေတ္တ သုတ်  ပရိတ်တရားတော်များ   ရွတ်ပွားသရဇ္ဈာယ်စေရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များက မြို့နယ်သံဃနာယကအဖွဲ့များသို့  ညွှန်ကြားဆောင်ရွက်ရန် အဆင့်ဆင့်   အကြောင်းကြား  လျှောက်ထားပြီး   ဖြစ်ပါ သည်။ 
    n    သို့ဖြစ်ပါ၍   မြန်မာနိုင်ငံ  အနယ်နယ်အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့်   လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ ကပ်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရတနသုတ် ပရိတ် တရားတော်ကို  မိမိနေအိမ်တွင်  နေ့စဉ်ရွတ်ဖတ်ပူဇော်နိုင်ကြ ပါရန်    သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန