မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

 

၁။    မိဘပြည်သူများအနေဖြင့်       နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)  (အထစ)များကို  အပို ကိုင်ဆောင်ခြင်းများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန် ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀-၉-၂၀၂၂ ရက်နေ့တွင်  နေ့စဉ်ထုတ်သတင်းစာနှင့်  နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့၌ ထုတ်လွှင့်ဖော်ပြအသိပေးကြေညာခဲ့ပါသည်။ 
၂။    အဆိုပါ  အသိပေးထုတ်ပြန်ချက်နှင့်  ပတ်သက်၍  ၁-၁၀-၂၀၂၂ ရက်နေ့အထိ   ဆောင်ရွက်နိုင်ကြောင်း  ကြေညာထားသော်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) (အထစ)တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူ ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်း စသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိ လာရောက်ဆောင်ရွက်နိုင်ရေးအတွက်    ရက်သတ္တ(၂)ပတ်တိုး၍ ၁၅-၁၁-၂၀၂၂   ရက်နေ့အထိ     လာရောက်ဆောင်ရွက်နိုင်ရန် ၉-၁၁-၂၀၂၂ ရက်နေ့မှစ၍    နေ့စဉ်ထုတ်သတင်းစာများနှင့်   နိုင်ငံပိုင် ရုပ်မြင်သံကြား၊   ရေဒီယိုတို့တွင်   ထပ်မံအသိပေးထုတ်ပြန်ကြေညာ ခဲ့ပါသည်။
၃။    ယခုအခါ လာရောက်ဆောင်ရွက်ရမည့်ရက်သည် ၁၅-၁၁-၂၀၂၂ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မြောက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံသားကတ် အပိုကိုင်ဆောင်ပြီး လာရောက်ဆက်သွယ်ဆောင်ရွက် ခြင်းမရှိသူများ၏ ယခင်ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် များအား ပယ်ဖျက်၍ နောက်ဆုံးထုတ်ယူခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်များအား အတည်ပြုပြီးဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်   ပိုမိုကိုင်ဆောင်ထားသူများအနေဖြင့်  ပယ်ဖျက်ပြီး ဖြစ်သည့် ယခင်နိုင်ငံသားစိစစ်ရေးကတ်အား နီးစပ်ရာမြို့နယ်လဝက ရုံးသို့  အပ်နှံကြပါရန်နှင့် အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန