
၁။ မိဘပြည်သူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ-၆၆/၆ (အထစ) နှင့်ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ အသိပေးကြေညာခဲ့ပါသည်။
၂။ အဆိုပါထုတ်ပြန်ချက်၏ အပိုဒ် (၁) (င) နှင့် (၂) (ဃ) တွင် အောက်ဖော်ပြပါအတိုင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်-
အပိုဒ်(၁)(င) နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍လက်ဝယ် ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင်ထား ခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများ တွင် အမြန် သွားရောက်အပ်နှံရမည်။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသား ကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများ အား ပယ်ဖျက်စာရင်းသွင်းပါမည်။
အပိုဒ်(၂)(ဃ) ပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ အမြန်သွားရောက် သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ် ထားသော်လည်း ရန်ကုန်တွင် အထစထပ်မံပြုလုပ် ထားရှိခြင်း)၊ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ) အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ) ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ) များအား ပယ်ဖျက်စာရင်းသွင်းပါမည်။
၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီး ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေ စာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ် ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာခဲ့ပါသည်။
၄။ အဆိုပါအသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်နိုင်ကြောင်း ကြေညာထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေ စာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်း စသည့်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေ သဖြင့် ပိုမိုသိရှိ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ရက်သတ္တ (၂) ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင် ရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန