မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

 

အသက်(၁၆)နှစ်နှင့်အထက်       အကျုံးဝင်သူများအား      ဥပဒေအရ   ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုး   ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့်   ရုံးတွင်   ဆောင်ရွက်ပေးခြင်း၊  ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း  ဆောင်ရွက်ပေးခြင်းများကို  (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)  နေ့အထိ   နိုင်ငံတစ်ဝန်းလုံးတွင်  နေ့စဉ် ရက်ဆက်  ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ   နေရာများတွင်  လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့်  လုပ်ငန်းများတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို  (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။

 


နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေမှုကြောင့်     နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ် ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။

 


နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်‌ဆောင်ခြင်းများသည်   တည်ဆဲဥပဒေများအရ   ပြစ်မှုမြောက်ပါ ကြောင်း အသိပေးအပ်ပါသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန