
နေပြည်တော် မတ် ၁၅
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များလိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲ ကောင်တာများတွင် ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်း ရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃,၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိကဘဏ် (၃) ဘဏ်တို့၏ အောက်ပါငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို အမေရိကန်တစ်ဒေါ်လာလျှင် ၃,၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိပါသည်-
၃။ ဤကဲ့သို့ ဆောင်ရွက်နေသည့် အခြေအနေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Official Website နှင့် AYA Bank ၊ KBZ Bank ၊ uab Bank တို့၏ လူမှုကွန်ရက်စာမျက်နှာများနှင့် Official Website များတွင် ဖော်ပြထားပြီးဖြစ်ပါသည်။
၄။ ယင်းသို့ နိုင်ငံခြားငွေများကိုရောင်းချပေးလျက်ရှိသော်လည်းနိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသော မသမာသူ အဖျက်သမားများက အောက်ပါလူမှုကွန်ရက်စာမျက်နှာများ၊ လူမှု ကွန်ရက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ် မမှန် လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်-
(က) Mr.Hamburger Channel (Viber)
(ခ) Myanmar Market Price (App & (Facebook)
(ဂ) Htet Yan Money Exchange (Facebook)
(ဃ) Dollar Exchange Rate (Facebook)
(င) Daily Gold (Facebook)
(စ) Myanmar Future News (Facebook)
(ဆ) ရွှေဈေး၊ဒေါ်လာဈေး (Facebook)
(ဇ) GG-Money Exchange (Facebook)
(ဈ) ရဝေထွန်း- စိန်ရွှေရတနာဆိုင် (Facebook)
(ည) ရွှေဈေးနှုန်း၊ ငွေဈေးနှုန်း (Facebook)
(ဋ) Domestic Price Now
(ဌ) Shwedingar.com
(ဍ) Gold (Facebook)
(ဎ) Law Ka Media (Facebook)
(ဏ) Money Changer (Yangon) ငွေဈေး ဒေါ်လာဈေး
(Facebook Group)
၅။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာများ၊ လူမှုကွန်ရက် Group များ၊ App များ၊ Website များသည် မမှန်ဟု သိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိ လျက်နှင့် မမှန်သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လဲလှယ် ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ)အရလည်းကောင်း၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၈(က)အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ အရသော်လည်းကောင်း တရားစွဲအရေးယူ နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၆။ မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားငွေ အမှန်တကယ် လိုအပ်ချက်များရှိပါက အထက်ဖော်ပြပါအထူးအစီအစဉ်ဖြင့် နိုင်ငံခြား ငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြပါရန် နှင့် မဟုတ်မမှန်သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏ ပြောကြားချက်/ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကို ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ဘဏ်များနှင့် တရားဝင်ငွေလဲ ကောင်တာများတွင်သာ နိုင်ငံခြားသုံးငွေများကို လဲလှယ်ရောင်းဝယ် သွားကြရန် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်