မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်ဖူးမြော်ကြည်ညို

မန္တလေး မတ် ၇ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုသည် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သော မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးကျော်ဆန်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ မန္တလေး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကျော်လှိုင်တို့နှင့်အတူ ချမ်းအေးသာစံ မြို့နယ် ၆၈ လမ်း၊ ၃၁လမ်းနှင့် ၃၂ လမ်းကြားရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ ယနေ့ နံနက် ၈ နာရီက သွားရောက်၍ နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင်နာယက၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသနှင့် ဆရာတော် များအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများနှင့်အတူ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူများနှင့်အတူ မဟာဝိဇိတာရုံကျောင်းတိုက် အတွင်းရှိ အဝင်လမ်းများအား နိုင်လွန်ကတ္တရာလမ်း ခင်းနိုင်ရေးအတွက် လိုက်လံကြည့်ရှုကာ လုပ်ငန်း များအမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူ များအား မှာကြားခဲ့သည်။ အဆိုပါ မဟာဝိဇိတာရုံကျောင်းတိုက် အဝင် လမ်းများအား နိုင်လွန်ကတ္တရာလမ်းခင်းရန် ယခင်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့လျှောက်ထားခဲ့မှုအပေါ် ဆရာတော်ကြီးက ထပ်မံ ဩဝါဒပြုသဖြင့် အရှည် ပေ ၁၂၀၀ နိုင်လွန်ကတ္တရာ လမ်းအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ ခင်းကျင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်