
ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်း မဟာသုဝဏ္ဏ ကျောင်းတိုက်ကြီး၌ သီတင်းသုံးစာသင်၊ စာချ တော်မူကြသော ဆရာတော် ဘဒ္ဒန္တဇနိန္ဒ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) (သာသနဓဇဓမ္မာစရိယ မဟာ ကျော်) အရှင်သူမြတ်နှင့် ဆရာတော်သံဃာတော် ၉၅ ပါးတို့ သာသနာ့တာဝန်များကို အေးချမ်းစွာ ထမ်းရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းပွဲအခမ်း အနားကို နိုဝင်ဘာ ၂၆ ရက်က မဟာသုဝဏ္ဏ ကျောင်းတိုက်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ၏ကိုယ်စား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး က ဆွမ်းဆန်တော်များ လှူဒါန်းမှုများနှင့် ပတ်သက် ၍ လျှောက်ထားပြီး ပြည်ထဲရေးဝန်ကြီးဌာန မိသားစု များက လှူဒါန်းသော ဆွမ်းဆန်တော် ရှစ်အိတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူး ဦးလှမျိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု-ဦးစီးမှူးများနှင့် ဝန်ထမ်းများက မဟာသုဝဏ္ဏ ကျောင်းတိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဇနိန္ဒ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနဓဇဓမ္မာ စရိယမဟာကျော်) ဆရာတော် အရှင်သူမြတ်ထံ ဆက်ကပ်လှူဒါန်းကြသည်။
၂၀၁