မဟာသင်္ကြန်(အကြတ်နေ့)တွင် မန္တလေးမြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များနှင့် တောင်သမန်အင်း ဦးပိန်တံတား အပန်းဖြေနေရာများ၌ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား

 

မန္တလေး    ဧပြီ    ၁၅


ယနေ့ကျရောက်သည့်    မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကြတ်နေ့)တွင်  မန္တလေးမြို့တွင်း ရှိ     သင်္ကြန်မဏ္ဍပ်များ၊     လမ်းလျှောက်  သင်္ကြန်ပွဲတော်ကျင်းပရာ     နေရာများနှင့်  တောင်သမန်အင်း  ဦးပိန်တံတား  အပန်း ဖြေနေရာများတွင်  သင်္ကြန်ချစ်သူ ပြည်သူ များဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက် ရှိသည်။ 

 


နံနက်ပိုင်း       အချိန်အခါသမယတွင် မိမိတို့မြို့နယ်၊    ရပ်ကွက်အလိုက်   ဘုရား စေတီ ပုထိုးများ၊ ဓမ္မာရုံများ၌ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းတို့ဖြင့်  သင်္ကြန်အကြတ်နေ့ကို ကုသိုလ်ကောင်းမှုတို့ဖြင့် အစပြုခဲ့ကြသည်။

 


သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် သင်္ကြန်  ချစ်သူပြည်သူများကလည်း         မန္တလေး မြို့တော်  မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် 
ကျုံးပတ်လည်ရှိ          သင်္ကြန်မဏ္ဍပ်များ၌ လာရောက်ရေကစားကြပြီး တေးသံရှင် များနှင့်   အနုပညာရှင်များက  အတာ သင်္ကြန်    တေးသီချင်းများဖြင့်   သီဆို ဖျော်ဖြေကြကာ    ဝန်ကြီးဌာနများနှင့်   ဝါသနာရှင် ယိမ်းအကအဖွဲ့များက  ယိမ်း အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ 

 


အလားတူ မန္တလေးကျုံးမြောက်ဘက် နှင့်     အနောက်ဘက်ခြမ်းတို့တွင်လည်း သင်္ကြန်ချစ်သူ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေများစုပေါင်း၍ ရေစုပ်စက်များဖြင့် သင်္ကြန်ရေပက်ခံကားများ၊ ဆိုင်ကယ်များ ကို တပျော်တပါး   အတာရေပက်ဖျန်းခြင်း၊ မြို့နယ်၊   ရပ်ကွက်များအလိုက်  လူငယ် များ၊ ကလေးငယ်များ   အေးချမ်းပျော်ရွှင် စွာ ရေပက်ကစားခြင်းနှင့်   တစ်နိုင်တစ်ပိုင် စုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်း ကြသည့်   မြင်ကွင်းသည်လည်း   မြန်မာ့ ရိုးရာ   အတာသင်္ကြန်၏   အလှကို     ပိုမို ပေါ်လွင်စေခဲ့သည်။ 

 


နေပြည်တော်မှ မန္တလေးမြို့သင်္ကြန် ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲသည့် ဦးအောင် က “ဒီနှစ် မန္တလေးမြို့ရဲ့ သင်္ကြန် အစီအစဉ်တွေကတော့     တော်တော် ထူးခြားဆန်းသစ်ပါတယ်။    လာလည် ရကျိုးနပ်ပါတယ်။     ကျုံးပတ်လည် တစ်လျှောက်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေ မှာလည်း ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ နဲ့ လာရောက်ဆင်နွှဲသူတွေကို   မြင်ရတဲ့ အတွက်လည်း      ဝမ်းသာမိပါတယ်။ နောက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းဟန်ပန်တွေနဲ့ ယှဉ်တွဲပြီး ပုံဖော် ထားတဲ့ လမ်းလျှောက် သင်္ကြန်တွေမှာ လည်း    အနယ်နယ်အရပ်ရပ်က   သင်္ကြန် ချစ်သူတွေ      စိတ်အားထက်သန်စွာနဲ့    လာရောက်လည်ပတ်ကြတာကို မြင်တွေ့ ခဲ့ရပါတယ်။ ကျွန်တော်လည်း မိသားစုနဲ့ အတူ    လမ်းလျှောက်သင်္ကြန်မှာ    ပါဝင် ဆင်နွှဲပြီး  ညနေပိုင်းကျရင် အထင်ကရ ဦးပိန်တံတားကြီးနဲ့ တောင်သမန်အင်းရဲ့  အလှကို   ခံစားကြည့်ရှုပြီး    အပန်းဖြေမှာ ဖြစ်ပါတယ်။   တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး မန္တလေးသင်္ကြန် မှာ     ပျော်ပျော်ပါးပါးနဲ့   လာရောက် ဆင်နွှဲကြဖို့    ဖိတ်ခေါ်လိုပါတယ်”  ဟု ပြောသည်။ 

 


ယခုနှစ်တွင် အထူးအစီအစဉ်အဖြစ် ထည့်သွင်းထားသည့်    ချမ်းမြသာစည် မြို့နယ်ရှိ  မင်္ဂလာမန္တလေး  မြန်မာ့ရိုးရာ လမ်းလျှောက်       အတာသင်္ကြန်နှင့် ကျုံးတောင်ဘက်ခြမ်းရှိ (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ)    လမ်းလျှောက် သင်္ကြန်တို့၌လည်း သကြန်ဇုန်များ၊ နိုင်ငံ ကျော်အဆိုတော်များနှင့် အနုပညာရှင် များ၏ ဖျော်ဖြေမှုများ၊ စတုဒိသာမဏ္ဍပ် များ၊  ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေ အနားယူနိုင်မည့် အစီအစဉ်ကောင်းများ ကိုလည်း ထည့်သွင်း၍ စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိရာ လာရောက်ပါဝင် ဆင်နွှဲသူများဖြင့်      ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ 

 


ထို့ပြင် မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့်    တောင်သမန်အင်း တို့၌လည်း      အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူကြသူများ ဖြင့် စည်ကားလျက်ရှိသည်။ 

 


ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်လက်အေးချမ်းပျော်ရွှင် စွာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။  


မောင်အေးချမ်း၊ ဓာတ်ပုံ - Ai (Mdy)