
ရန်ကုန် ဧပြီ ၁၄
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလ ပန်းခြံဘေးရှိ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ ဒဂုံ မြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက် သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်အပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ခုနှင့် ရန်ကုန်မြို့အတွင်း ခရိုင်ဇုန် မြို့နယ်များတွင် ရေကစားမဏ္ဍပ်များကိုလည်း ယမန်နေ့၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး ယနေ့ သင်္ကြန် အကျနေ့၌ အဆိုပါ မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များတွင် နံနက်ပိုင်းမှ ညနေပိုင်း အထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံကား များနှင့် ဖျော်ဖြေပွဲကြည့်ရှုသူ သင်္ကြန်ချစ်သူပြည်သူ တို့ဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက် ပိုင်းအစီအစဉ်တွင် ရုံး၊ ဌာနနှင့်အခြား ပြိုင်ပွဲဝင် တို့မှ ပြိုင်ပွဲဝင် ၁၆ ဦးစီ ပါဝင်သည့် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ မြူးကြွ အကအလှအပသင်္ကြန် သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ရေသဘင်ပွဲတော်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားခဲ့ သည်။
ရန်ကုန်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်၊ ဂီတအဖွဲ့မှအနုပညာရှင်များ၊ DJ အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုနှင့်အတူ ရောင်စုံထီးမိုးအောက်၌ လမ်းလျှောက်ပွဲလာ သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင်ကြည်နူး ပါဝင်ဆင်နွှဲနေကြသည်မှာလည်း ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း တွေ့ရ သည်။
ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ရှိ Royal Apex မဏ္ဍပ် ဖျော်ဖြေမှုမှ လွင့်ပျံ့လာသည့် ဂီတတီးလုံးသံများနှင့်အတူ ရောင်စုံထီးမိုးအောက် တွင် ရေသဘင်ပွဲ ဆင်နွှဲသူ သင်္ကြန်ချစ်သူပြည်သူ များက မြူးကြွကခုန်ပျော်မြူးနေမှုနှင့် ကလေးငယ် များ ပျော်ရွှင်စွာ ရေမြှုပ်သင်္ကြန်ဆင်နွှဲနေမှုတို့ကို တွေ့မြင်ခဲ့ရသည်။
ညနေပိုင်းတွင်လည်း ရန်ကုန်မြို့တော်မဟာ သင်္ကြန်တွင် ပြိုင်ပွဲဝင် ၂၀ စီပါဝင်သည့် ယိမ်းအဖွဲ့ (အလွတ်တန်း)ယှဉ်ပြိုင်ဖျော်ဖြေကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး တို့မှ ဖျော်ဖြေတင်ဆက်ကြရာ အတာရေသဘင် ဆင်နွှဲသူ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေရေးကြည့်ရှု သူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကား လျက်ရှိပြီး ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ၌လည်း အုန်းလက် မဏ္ဍပ်များဖြင့် သင်္ကြန်ချစ်သူ ကလေးများက လမ်းသွား၊ လမ်းလာဒေသခံပြည်သူများအား ပျော်ရွှင် စွာရေပက်ကစားလျက်ရှိကြောင်း သိရသည်။
သတင်း-တန်ခူးကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်-ရဲထွဋ်