မဟာသင်္ကြန်(အကျနေ့)တွင် မန္တလေးမြို့ရှိ ကျုံးပတ်လည်တစ်လျှောက်နှင့် အထင်ကရနေရာများ၌ ပြည်သူများအတာရေသဘင်ပွဲ တပျော်တပါးပါဝင်ဆင်နွှဲ

 

မန္တလေး   ဧပြီ   ၁၄
ယနေ့ကျရောက်သည့်     မြန်မာ့ ရိုးရာမဟာသင်္ကြန်    (အကျနေ့)တွင်  မန္တလေးမြို့ ကျုံးပတ်လည် တစ်လျှောက်ရှိ ရေကစားမဏ္ဍပ် များ၊    လမ်းလျှောက်သင်္ကြန်နှင့် ရပ်ကွက်လမ်းမများ၌ ပြည်သူများ စိတ်ပျော်ရွှင်       ချမ်းမြေ့စွာဖြင့် မြန်မာ့ရိုးရာအတာ သဘင်ပွဲတော် ကို တပျော်တပါး ပါဝင်ဆင်နွှဲလျက် ရှိကြပြီး စတုဒိသာအကျွေးအမွေး များဖြင့်လည်း    သင်္ကြန်ပွဲတော်၏  ပုံရိပ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။
နံနက်ပိုင်းမှစတင်၍ သင်္ကြန် ကို ချစ်မြတ်နိုးကြသည့် သင်္ကြန် ချစ်သူ        ပြည်သူများကလည်း  မန္တလေးမြို့တော်    မဟာသင်္ကြန် မဏ္ဍပ်သို့ လာရောက်ကြပြီး နိုင်ငံ ကျော်တေးသံရှင်များ၏ အတာ သင်္ကြန်       တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုနှင့်  ဝန်ကြီးဌာန နှင့်  ဝါသနာရှင်  ယိမ်းအကအဖွဲ့ များ၏ ယိမ်းအကအလှများဖြင့်  ကပြဖျော်ဖြေမှုတို့ကို      တပျော် တပါး အားပေး၍  သင်္ကြန်ပွဲတော် ကို   စိတ်အေးချမ်းစွာ   ဆင်နွှဲကြ သည်။ (အပေါ်ပုံ)
အလားတူ ကျုံးတောင်ဘက် ခြမ်းရှိ  လမ်းလျှောက်သင်္ကြန်၌ လည်း   ထူးခြားသည့်   အစီအစဉ် တစ်ခုအဖြစ် ခေတ်လေးခေတ်၏ ဝတ်စားဆင်ယင်မှုများကို ပုံဖော် ရေကစားသည့်     အသွင်သဏ္ဌာန် ဖန်တီးထားရှိရာ   အဆိုပါခေတ်  အလိုက် ဝတ်ဆင်ထားသူများဖြင့်  အမှတ်တရ    ဓာတ်ပုံရိုက်ကူးကြ သူများဖြင့်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ 
အဆိုပါ လမ်းလျှောက်သင်္ကြန် ၌ပင်   လောင်းလှေများချထား၍  ပျော်ရွှင်စွာ       ရေပက်ကစားနိုင် စေရန်လည်း     စီစဉ်ဆောင်ရွက် ထားရှိရာ လာရောက်ပါဝင်ဆင်နွှဲ သူများဖြင့် စည်ကားလျက်ရှိသည့် အပြင် သင်္ကြန်ချစ်သူများ အမော ပြေ      သုံးဆောင်နိုင်ရန်အတွက် မန္တလေးမြို့တော်သင်္ကြန်      စတု ဒိသာမဏ္ဍပ်ဖွင့်လှစ်၍ ထမင်းနှင့် ဟင်းလျာများ   ကျွေးမွေးလှူဒါန်း နေမှုသည်လည်း     မြန်မာတို့၏ သဒ္ဓါတရားထက်သန်မှု  မြင်ကွင်း ကို  သင်္ကြန်ပွဲတော်နှင့်  ယှဉ်တွဲ၍  တွေ့မြင်ခွင့်ရခဲ့သည်။ 
အလားတူ        မန္တလေးကျုံး မြောက်ဘက်နှင့် အနောက်ဘက် ခြမ်းတို့တွင်လည်း သင်္ကြန်ချစ်သူ  မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေ  များစုပေါင်း၍     ရေစုပ်စက်များ ဖြင့်     သင်္ကြန်ရေပက်ခံကားများ၊ ဆိုင်ကယ်များကို   တပျော်တပါး ပက်ဖျန်းခြင်း၊  မြို့နယ်၊  ရပ်ကွက် များအလိုက် လူငယ်များ၊ ကလေး ငယ်များ      အေးချမ်းပျော်ရွှင်စွာ  ရေပက်ကစားခြင်းနှင့်    တစ်နိုင် တစ်ပိုင်    စုပေါင်း၍     စတုဒိသာ ကျွေးမွေးလှူဒါန်း  (အောက်ဝဲပုံ) ကြသည့်   မြင်ကွင်းသည်လည်း မြန်မာ့ရိုးရာ    အတာသင်္ကြန်၏ အလှကို ပိုမိုပေါ်လွင်စေခဲ့သည်။ 
ထို့ပြင်        ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်များသို့ မော်တော်ယာဉ်များ ဖြင့် ရေပက်ခံသွားလာနိုင်စေရေး  ဆောင်ရွက်ပေးထားသည့်အတွက် ပျော်ရွှင်စွာ ရေပက်ခံကားများဖြင့်  သင်္ကြန်ပွဲတော်ကို    ဆင်နွှဲနေကြ သည့်       လူငယ်များဖြင့်လည်း စည်ကားလျက်ရှိပြီး အဆိုပါနေရာ များတွင် အများပြည်သူလွတ်လပ် စွာ လမ်းလျှောက်သွားလာနိုင်ရေး  အတွက်လည်း တာဝန်ရှိသူများက  စနစ်တကျ    ဆောင်ရွက်ပေးကြ သည်ကိုလည်း တွေ့မြင်ရသည်။ 
မန္တလေးဈေးချိုတော်နာရီစင် အနီးတွင်လည်း        မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာအသင်း နှင့်တွဲဖက်၍ ဈေးချိုသူ ရေကစား မဏ္ဍပ်ကို ဖွင့်လှစ်ထားပြီး သင်္ကြန် ၏ အနှစ်သာရကို ပေါ်လွင်စေမည့်  သင်္ကြန်သီချင်းများဖြင့်           သီဆို ဖျော်ဖြေကြရာ      သင်္ကြန်ချစ်သူ  မန္တလေးမြို့သူ၊ မြို့သားများဖြင့်   စည်ကားလျက်ရှိသည်။ 
ထို့အတူ မန္တလေးမြို့ကမ်းနား လမ်းတစ်လျှောက်ရှိ    ရေကစား မဏ္ဍပ်များ၊    ဖျော်ဖြေရေးမဏ္ဍပ် များ၌လည်း သင်္ကြန်ချစ်သူပြည်သူ များ စိတ်အားတက်ကြွစွာ ကခုန် ပျော်ရွှင်နိုင်စေမည့်  တေးသီချင်း များ၊ DJ တီးလုံးများဖြင့် မြိုင်မြိုင် ဆိုင်ဆိုင်    ဖျော်ဖြေလျက်ရှိသည့် အပြင် ရပ်ကွက်အတွင်းလမ်းများ ၌လည်း ကလေးငယ်များပျော်ရွှင် မြူးတူးစွာ     ရေပက်ကစားနေ ကြသည်ကိုလည်း      ကြည်နူးစွာ တွေ့မြင်ရသည်။  
မန္တလေးမြို့         မဟာသင်္ကြန် ပွဲတော်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနား  ယူ အပန်းဖြေနိုင်စေရေးအတွက်  သက်ဆိုင်ရာ    တာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များ      ဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း လည်း သိရသည်။ 
မောင်အေးချမ်း