
ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၉
ဟိန္ဒူဘာသာဝင်များ အလေးထားကိုးကွယ်သည့် ပြင်ဦးလွင်မြို့ နောင်ခမ်းကြီးရပ်ကွက်ကြီး(၂၀)ရှိ သျှီးနီးလ်ထေရွှရ် သျှီဝဟိန္ဒူဘုရားကျောင်း၌ မဟာ သျှီဝရာတြီး ပန်းပူဇော်ပွဲတော်ကြီးကို ဘုရားကျောင်း ဂေါပကအဖွဲ့က ကြီးမှူး၍ မတ်လ ၈ ရက်တွင် ညလုံးပေါက် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါ မဟာသျှီဝရာတြီးပွဲ၊ ပန်းပူဇော်ပွဲတော် တွင် ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော် လာ ဟိန္ဒူဘာသာဝင်များက ဥပုသ်သီတင်းသီလ ဆောက်တည်၍ ပထမအကြိမ်ပူဇော်ပွဲကို မတ် ၈ ရက် ည ၉ နာရီ၊ ဒုတိယအကြိမ် ပူဇော်ပွဲကို ည ၁၂ နာရီ၊ တတိယအကြိမ်ပူဇော်ပွဲကို မတ် ၉ ရက် နံနက် ၃ နာရီနှင့် စတုတ္ထအကြိမ်ပူဇော်ပွဲကို နံနက် ၅ နာရီ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဖူးမြော်ပူဇော်ခြင်းအစီအစဉ်နှင့်အတူ နွားနို့၊ ရေ၊ ပန်း၊ ဆီမီး၊ သစ်သီးဝလံ စသည့်လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းကာ ညလုံးပေါက် စုပေါင်းကျင်းပ ပူဇော်ကြမည်ဖြစ် ကြောင်း သိရသည်၊၊
ထို့ပြင် ဘုရားပွဲတော်လာ ပြည်သူများသည် မတ်၉ ရက် နံနက် ၇နာရီမှ ၁၀နာရီအထိ သျှရီသျှီဝ ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းများကို အစီအစဉ်အတိုင်းကျင်းပအပြီး မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ စေတနာရှင် အလှူရှင်များက သက်သတ်လွတ် ထမင်းဟင်းများဖြင့် ပွဲတော်လာ ပရိသတ်များအား စတုဒိသာကျွေးမွေး ဧည့်ခံမည်ဖြစ် ကြောင်း ဘုရားကျောင်းဂေါပကအဖွဲ့က နှိုးဆော်ထား သည်၊၊
မဟာသျှီဝရာတြီး ပွဲတော်ကြီးကို လားရှိုးမြို့ ပေါ်တော်မူ မဟာသျှီဝရာတြီး ရှန်ခိုက်ဘုရားပွဲတော် ပူဇော်ပွဲကြီးနှင့်အတူ နိုင်ငံတစ်ဝန်း အနယ်နယ် အရပ်ရပ်ရှိ ဟိန္ဒူဘုရားကျောင်း အသီးသီးတို့တွင် လည်း အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် ကြမည်ဖြစ်ကြောင်း သိရသည်၊၊
တင်မောင်(မန်း)