
နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စုရှိ သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် ဂေါပကအဖွဲ့ဝင်များက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီးကို လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို ကြပြီး ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင် မွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် တွက်ချက် ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ သာသနိကအဆောက်အဦများ ဖြစ်သည့် အတွက် အဘက်ဘက်မှ တွက်ချက် စိစစ်ကာ အလေးထားလုပ်ဆောင်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြား သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်က မြတ်မော်တင် ဆံတော်ရှင်စေတီ တော်၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း အဆင့်လိုက်ဆောင်ရွက် နေမှုများ၊ လုပ်ငန်းအဆင့်များ အားလုံး ပြီးစီးပါက တွေ့မြင်ရမည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ တော်ကြီးသည် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်သဖြင့် ပြုပြင် မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက် စေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမှုများ ဆောင် ရွက်ရာတွင်လည်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို စနစ်တကျ မှတ်တမ်း ပြုစုထားရှိရန်လိုကြောင်း၊ လုပ်ငန်းစဉ် များအလိုက် စနစ်တကျဖြင့် ဆောင်ရွက် သွားရန်လိုသကဲ့သို့ ရေရှည်မျှော်တွေး၍ တွက်ချက် ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် လာနိုင်မည့် အခြေအနေများကိုလည်း တွက်ချက် ဆောင်ရွက်သွားရန် လိုကြောင်း၊ စေတီတော်မြတ်ကြီး၏ မူလ အတိုင်း ကြည်ညိုသပ္ပာယ်မှုရှိစေရေးကိုလည်း မထိခိုက်စေရန်လိုကြောင်း မှာကြားသည်။
ရင်ပြင်တော်တိုးချဲ့ပြုပြင်မွမ်းမံ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်ကြီး ခေတ် အဆက်ဆက် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အကျယ်အဝန်းသည် ၄၃ ပေခန့်သာ ကျယ်ဝန်းသဖြင့် ဘုရားဖူးလာ ရဟန်း သံဃာ မိဘပြည်သူများ သက်သောင့် သက်သာ ကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်နိုင် ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများနှင့် ပုံစံငယ်ပြုလုပ် ထားရှိမှုတို့ကို ကြည့်ရှုကာ လိုအပ်သည် များ မှာကြားဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု၍ ရှေးဟောင်းသာသနိက အဆောက်အဦ များအား ထိန်းသိမ်းထားရှိမှု အခြေအနေ များကို ကြည့်ရှုကာ ရှေးဟောင်းသာသနိက အဆောက်အဦများအား ပြုပြင်ထိန်းသိမ်း ရန် လိုအပ်လာပါက ခေတ်ကာလနှင့် လျော်ညီစွာ မူလရှေးဟောင်းလက်ရာ မပျက် ပြန်လည်ပြုပြင်မွမ်းမံ ပြင်ဆင် ရမည့် အခြေအနေများ၊ သမိုင်းမှတ်တမ်း များ ပျောက်ပျက်၍မရသဖြင့် စနစ်တကျ ထိန်းသိမ်းရန်နှင့် ပြုပြင်မွမ်းမံမှုများကို လည်း စနစ်တကျ ဆောင်ရွက်ရမည့် အခြေအနေများကို တာဝန်ရှိသူများအား မှာကြားသည်။
ဘက်စုံအလှူငွေများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်