မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းစေရန် ပြင်သစ်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ သဘောတူ

 

ပါရီ   ဖေဖော်ဝါရီ   ၃


ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် အလည် အပတ်ရောက်ရှိနေသည့်    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည်   နယ်ပယ်အားလုံး တွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန်နှင့်    နှစ်နိုင်ငံ ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို  နက်ရှိုင်း စေရန်    သဘောတူညီခဲ့ကြောင်း   ပြင်သစ်သမ္မတ နန်းတော်က  ဖေဖော်ဝါရီ ၃ ရက်  သတင်းထုတ်ပြန် ချက်တွင် ပြောကြားသည်။

 


အစ္စရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ချိန်ကတည်း က  ဝန်ကြီးချုပ်  နေတန်ယာဟုက  နှစ်နိုင်ငံကြား  ရင်းနှီးမှုကို ပြသခဲ့သည့်အနေဖြင့်   ၎င်း၏ အရှေ့ အလယ်ပိုင်းကို ပထမဆုံးခရီးစဉ်အဖြစ်  ပြင်သစ် နိုင်ငံကို    ရွေးချယ်ခဲ့ကြောင်း    ဖေဖော်ဝါရီ ၂ ရက်   ညစာစားပွဲတွင်     ပြင်သစ်သမ္မတ  မက်ခရွန်က ပြောကြားသည်။

 


နှစ်နိုင်ငံခေါင်းဆောင်များသည်        နှစ်နိုင်ငံ ဆက်ဆံရေး၏ အရည်အသွေးကို ကြိုဆိုနှုတ်ဆက် ကြပြီးနှင့် နှစ်ဦးနှစ်ဖက်ကိစ္စရပ်များအပေါ် အမြင် ချင်းဖလှယ်ခဲ့သည်ဟု   ပြင်သစ်သမ္မတနန်းတော် က မှတ်ချက်ပြုထားကြောင်း သိရသည်။     

ဆင်ဟွာ