မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်  နိုဝင်ဘာ  ၂၉


အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့်     တရားဥပဒေ စိုးမိုးရေးအတွက်      ဝိုင်းဝန်း ဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက် ဖောက်ခွဲ    ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များ      ပညာ သင်ကြားနေသည့်       စာသင် ကျောင်းများကိုပါ လက်လုပ်ဗုံး များ၊    လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။ 


ထိုသို့   အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်     ရဲမွန် တောင်ရပ်ကွက် ၃၅ လမ်း၊ ၃၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ အမှတ်(၂၇) အခြေခံပညာအထက် တန်းကျောင်းခွဲသို့   ဆိုင်ကယ် မောင်းနှင်လာသည့်      အကြမ်း ဖက်သူ        အမျိုးသား နှစ်ဦးက လက်လုပ်ဗုံးဖြင့်     ပစ်ပေါက် ထွက်ပြေးခဲ့ရာ     လက်ပစ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ    အေးမြ မေတ္တာကျောင်းဆောင်နှင့် ကျောင်း အုတ်နံရံကြားသို့     ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင် မျက်နှာကြက်နှင့် သွပ်မိုး တစ်ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ အကြမ်း ဖက်မှုလုပ်ရပ်များ   ကျူးလွန်သူ များကို ဥပဒေနှင့်အညီ ထိရောက် စွာ  အရေးယူနိုင်ရေး  လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်