မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ  ၂၆ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေး   ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ   ၂၅   ရက်   နံနက်  ၁၁   နာရီ   ၄၅  မိနစ်တွင်  မဟာ အောင်မြေမြို့နယ်  ၄၃  လမ်းနှင့် ၁၀၁   လမ်း၊    ၆၄   လမ်းမတွင် ခင်မောင်ကျော်ဦး  (ခ)    ဖိုင်ဇဲလ် မောင်းနှင်လာသည့်       မော်တော်  ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀    သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေး    ပေါ်ပေါက်ချက်အရ မွန်းလွဲ  ၁   နာရီခွဲတွင်    ချမ်းမြ သာစည်မြို့နယ်   ၁၁၂   လမ်းနှင့် ၁၁၃  လမ်းကြား၊  ၆၁  လမ်းတွင် ဝင်းလှိုင်  (ခ)  အလီဘိုင်       အား ဖမ်းဆီးရမိခဲ့ပြီး မွန်းလွဲ ၃ နာရီ တွင်  ပုသိမ်ကြီးမြို့နယ်  မဲကင်း ကုန်းကျေးရွာအုပ်စု    တဲကုန်း ကျေးရွာရှိ     ၎င်း၏    နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်  ဆေးပြား  ၁၄၆၁၅  ပြား  ထပ်မံ သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ  ယင်းနေ့    မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် တာချီလိတ် မြို့နယ်   ဝမ်လုံးကျေးရွာအုပ်စု ဟွေရဲကျေးရွာအနီးတွင်   အမျိုး သား တစ်ဦး (စိစစ်ဆဲ) မောင်းနှင်  လာသည့် မော်တော်ဆိုင်ကယ်ကို  စစ်ဆေးရန်      ရပ်တန့်ခိုင်းစဉ် ၎င်းအမျိုးသားမှာ  ဆိုင်ကယ်ကို လှဲချ၍ လမ်းဘေးရှိ လျှိုအတွင်းသို့  ထွက်ပြေးသွားသဖြင့်      ငွေကျပ် သိန်း ၄၆၀၀ တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိပြီး       (အပေါ်ပုံ)    ဆိုင်ကယ်ခွကြားရှိ ကတ်ထူပုံးများ အတွင်းမှ   အိုက်စ်   ၂၃   ကီလို သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။ 

ရဲပြန်ကြား