ရန်ကုန် မေ ၂၄
၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) ကို မေ ၂၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း သုံးပွဲဆက်အနိုင်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။
ယခုတစ်ပတ်တွင် နှစ်ပွဲဆက်အနိုင်ရထားသည့် SGF Youth အသင်းနှင့် FFU မင်းမဟော် အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး SGF Youth အသင်းက ဂိုးပြတ်နိုင်ပွဲနှင့်အတူ ထိပ်ဆုံးတွင် အမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် (၃) တွင် Victoria အသင်းက ရွှေပြည်သာယူနိုက်တက်အသင်း ကို ကိုးဂိုး-လေးဂိုး၊ United City အသင်းက Pacific Sun Far အသင်းကို ခုနစ်ဂိုး-သုံးဂိုး၊ Mahar Burma အသင်းက TKA Stars အသင်းကို လေးဂိုး-နှစ်ဂိုး၊ Avengers Junior အသင်းက Jullniss အသင်းကို သုံးဂိုး-နှစ်ဂိုး၊ SGF Youth အသင်းက FFU မင်းမဟော် အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရပြီး မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
ပွဲစဉ် (၃)အပြီးတွင် SGF Youth အသင်းက ကိုးမှတ်၊ FFU မင်းမဟော်အသင်း၊ Avengers Junior အသင်း၊ Mahar Burma အသင်းနှင့် Victoria အသင်းတို့က ခြောက်မှတ်စီ၊ Jullniss အသင်း နှင့် Pacific Sun Far အသင်းတို့က လေးမှတ်စီ၊ United City အသင်း၊ TKA Stars အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့က သုံးမှတ်စီ၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီ ရရှိထားသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-MFF