
ရန်ကုန် ဒီဇင်ဘာ ၇
MFF Women's Futsal Championship 2023 ပြိုင်ပွဲ ပွဲစဉ် (၁) ကို ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ စတင် ကျင်းပရာ ရန်ကုန်လူငယ်အသင်းနှင့် YRG အသင်း ဂိုးပြတ်နိုင်ပွဲရခဲ့သည်။
ပွဲစဉ် (၁) တွင် နှစ်ပွဲစလုံး ပြတ်သားသည့် ရလဒ်ထွက်ပေါ်ခဲ့ပြီး ရန်ကုန်လူငယ်အသင်းက ရွှေပြည်သာအသင်းကို ၁၉ ဂိုး-တစ်ဂိုး၊ YRG အသင်း က Burmese Bees အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ သည်။ ယခုပြိုင်ပွဲတွင် အမျိုးသမီးဖူဆယ်ကလပ် ငါးသင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ပွဲစဉ် (၂) ကို ဒီဇင်ဘာ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် YRG အသင်းနှင့် Divine အသင်း၊ နံနက် ၁၀ နာရီခွဲ တွင် Burmese Bees အသင်းနှင့် ရွှေပြည်သာအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF