
ရန်ကုန် နိုဝင်ဘာ ၁၀
MFF Rhino Futsal Championship 2023 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို နိုဝင်ဘာ ၁၀ ရက်က ကျင်းပပြီး အသင်းစုစုပေါင်း ၂၆ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် VUC အသင်း၊ M2K အသင်း၊ Sun Far အသင်း၊ Noka Utd အသင်း၊ အုပ်စု (B) တွင် Winner Soccer အသင်း၊Black Cross အသင်း၊ Malikalsin အသင်း၊ အုပ်စု (C) တွင် Futsal 19 အသင်း၊ ရွှေပြည်သာအသင်း၊ SGF အသင်း၊ အုပ်စု (D) တွင် Dream Team အသင်း၊ လက်ဝဲသုန္ဒရအသင်း၊ UPK အသင်း၊ အုပ်စု (E) တွင် ဖူဆယ်ချစ်သူအသင်း၊ ရိုးမအသင်း၊ YRG အသင်း၊TG Utd အသင်း၊ အုပ်စု(F) တွင် MIU အသင်း၊ DT Legends အသင်း၊KKY အသင်း၊ အုပ်စု (G) တွင် Generation အသင်း၊ Red Eagle အသင်း၊ ပြည့်စုံ အသင်း၊ အုပ်စု (H) တွင် လင်းလက်အသင်း၊ M-Million အသင်း၊ Seven အသင်းတို့ ပါဝင်နေသည်။ ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲများကို နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်၊ ရှုံး/ထွက် ပွဲစဉ်များကို နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၂၆ သင်းကို လေးသင်း နှစ်အုပ်စု၊ သုံးသင်း ခြောက်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ရှုံး/ထွက်အဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
လက်ရှိချန်ပီယံအသင်းမှာ VUC အသင်းဖြစ်ပြီး ထိပ်သီးအသင်း ဖြစ်သလို ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ တွေ့ဆုံခဲ့သည့် VUC အသင်းနှင့် MIU အသင်းသည် အုပ်စုပထမနေရာရရှိပါက ဗိုလ်လုပွဲ အဆင့်မှသာ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ - MFF