MFF Futsal Championship 2023 ပြိုင်ပွဲ အုပ်စုတတိယနေ့ ဆက်လက်ကျင်းပပြီး နောက်တစ်ဆင့်တက်ရောက်သည့်အသင်းများထွက်ပေါ်

 

ရန်ကုန်  နိုဝင်ဘာ  ၁၈


MFF   Futsal   Championship   2023     ပြိုင်ပွဲ အုပ်စု   တတိယနေ့ကို    နိုဝင်ဘာ   ၁၈  ရက်က  ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ   MFF   ဖူဆယ် အားကစားရုံတွင် ဆက်လက်ကျင်းပရာ    နောက် တစ်ဆင့်   တက်ရောက်သည့်အသင်းများ ထပ်မံထွက်ပေါ်လာသည်။


အုပ်စုတတိယနေ့တွင်  Dream Team အသင်းက UPK အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ YRG အသင်းက ဖူဆယ်ချစ်သူအသင်းကို သုံးဂိုး-တစ်ဂိုး၊ TG United အသင်းက ရိုးမအသင်းကို ၁၀ ဂိုး-နှစ်ဂိုး၊ MIU အသင်းက KKY အသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး မလိကြယ်စင်အသင်းနှင့် Winner Soccer အသင်းတို့က ငါးဂိုးစီသရေ၊ SGF အသင်းနှင့် Futsal-19 အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (F) မှ MIU အသင်းနှင့် DT Legends အသင်း၊ အုပ်စု (E) မှ YRG အသင်း၊ အုပ်စု (C) မှ SGF အသင်း၊ အုပ်စု (B) မှ မလိကြယ်စင်အသင်းတို့  နောက် တစ်ဆင့် တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်  ပွဲစဉ်များအပြီးထိ ရှုံးထွက်အဆင့်တက်ရောက်သည့်အသင်း ခြောက်သင်းအထိ ရှိလာပြီ ဖြစ်သည်။


အုပ်စုစတုတ္ထနေ့ကို နိုဝင်ဘာ ၁၉ ရက် (ယနေ့) ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ပြည့်စုံအသင်းနှင့် Generations အသင်း၊ Seven အသင်းနှင့် လင်းလက်အသင်း၊ VUC အသင်းနှင့် M2K အသင်း၊ Sun Far အသင်းနှင့် Noka အသင်း၊ Winner Soccer အသင်းနှင့်  Black  Cross  အသင်း၊ Futsal-19 အသင်းနှင့် ရွှေပြည်သာအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။                         

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF