ရန်ကုန်   နိုဝင်ဘာ    ၁၇
MFF Futsal Championship 2023 ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို နိုဝင်ဘာ ၁၇ ရက်က   MFF   ဖူဆယ်အားကစားရုံ၌    ဆက်လက်ကျင်းပရာ  လက်ရှိချန်ပီယံ  VUC အသင်း  အနိုင်ရသည်။  ဒုတိယနေ့တွင် UPK အသင်းက   လက်ဝဲသုန္ဒရအသင်းကို  သုံးဂိုး - နှစ်ဂိုး၊ DT Legends အသင်းက KKY အသင်းကို ရှစ်ဂိုး - သုံးဂိုး၊ M-Million အသင်းက Seven အသင်းကို   လေးဂိုး - တစ်ဂိုး၊  M2K  အသင်းက Noka  အသင်းကို ခြောက်ဂိုး - နှစ်ဂိုး၊ လက်ရှိချန်ပီယံ VUC အသင်းက Sun Far အသင်းကို ၁၂ ဂိုး - တစ်ဂိုးဖြင့် အနိုင်ရပြီး Red Eagle အသင်းနှင့်  ပြည့်စုံအသင်းတို့ လေးဂိုးစီသရေကျခဲ့သည်။ ယခုပွဲအပြီးတွင် နိုင်ပွဲဆက်ခဲ့သည့် အုပ်စု(A)မှ လက်ရှိချန်ပီယံ VUC အသင်းသည်  နောက်တစ်ဆင့်တက်ရောက်ရန် သေချာသွားခဲ့သည်။                        
ညီမြတ်သော်တာ
      


