
ရန်ကုန် ဒီဇင်ဘာ ၂၀
MFF Women's Futsal Championship 2023 ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ကျင်းပရာ Divine အသင်း ဗိုလ်စွဲခဲ့သည်။
နောက်ဆုံးနေ့တွင် ရန်ကုန် လူငယ်အသင်းနှင့် Burmese Bees အသင်းတို့ သုံးဂိုးစီသရေကျ ခဲ့ပြီး Divine အသင်းက YRG အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပွဲတွင် Divine အသင်းက နိုင်ပွဲရခဲ့ သဖြင့် ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး YRG အသင်းသည် သရေ ကျရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ် သော်လည်း အရေးနိမ့်ခဲ့သဖြင့် ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ ရသည်။
ပထမရရှိ
ထို့ကြောင့် ပြိုင်ပွဲအပြီးတွင် Divine အသင်းက ရမှတ် ၁၄ မှတ် ဖြင့် ပထမ၊ YRG အသင်းက ၁၃ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်လူငယ် အသင်းက လေးမှတ်ဖြင့် တတိယ၊ Burmese Bees အသင်းက နှစ်မှတ်ဖြင့် စတုတ္ထနေရာ ရရှိခဲ့သည်။
ဆုချီးမြှင့်
Divine အသင်းနှင့် YRG အသင်းပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ အသန့်ရှင်း ဆုံး အသင်းဆုရရှိသော YRG အသင်းအား ဆုနှင့် ဆုကြေးငွေကျပ် သုံးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆုရရှိသော YRG FC အသင်းမှ ချောစန္ဒီအောင်အား ဆုနှင့် ဆုကြေး ငွေကျပ် နှစ်သိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆု ရရှိသော Divine FC အသင်းမှ အေးအေးထွေးအား ဆုနှင့် ဆုကြေး ငွေကျပ် နှစ်သိန်း၊ တတိယဆု ရရှိသော ရန်ကုန် လူငယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရရှိသော YRG အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ် ၁၅ သိန်း၊ ပထမဆု ရရှိခဲ့သော Divine အသင်းအား တစ်ဦးချင်းဆုနှင့် ဆုကြေး ငွေကျပ် ၂၅ သိန်း၊ ချန်ပီယံ ဆုဖလားတို့ ရရှိသည်။
ပေးအပ်ချီးမြှင့်
ယင်းဆုများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် ကြောင်း သိရသည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF