
နေပြည်တော် ဧပြီ ၂၀
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မေတ္တာပန်းများ ပွင့်စေ မယ်” တေးဂီတဖျော်ဖြေပွဲကို ဧပြီ ၂၂ ရက် ၊ သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို စန္ဒရား တင်ဝင်းလှိုင် တေးဂီတအဖွဲ့၏ တီးခတ်မှု နှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ ဇင်သူဇာထွန်း ၊ ဇင်သူသူထွန်း ၊ မြတ်နိုးစံ ၊ ရွှေယမင်းဦး ၊ ချမ်းဟိန်း ဝင်းထွန်း၊ ဈာန်ထူးနှင့် ချိုမီမီဇော်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဧပြီ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ တွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်