မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)ကျင်းပ

 

နေပြည်တော်   ဇွန်   ၉


မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ     လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)  ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့    မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ     ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးမြင့်ကြိုင်၊    ကြီးကြပ်မှု ဗဟိုကော်မတီဝင်များဖြစ်ကြသည့်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်    ဦးဌေးလှိုင်နှင့်    ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ၊ တာဝန်ရှိသူများ  တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင်    တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စား လှယ်များက  သက်ဆိုင်ရာနယ်မြေများမှ   ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ 
လူဦးရေစာရင်းမှန်ကန်စေရေး စာရင်းကောက်ယူ
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ရာတွင်     လွတ်လပ်ပြီးတရားမျှတသည့်   ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်     အဓိကကျသည့်    တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရန်     တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌     လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း      ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို   ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝက မြို့နယ်ရုံးများရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး လက်ရှိအခြေအနေတွင် e-ID Server အတွင်း Online မှတစ်ဆင့်ထည့်သွင်းကာ အချက်အလက်ကွဲလွဲမှုများ အပေါ်     ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
လုံခြုံရေးအခြေအနေကြောင့်    ကောက်ယူရန် ကျန်ရှိသည့်     မြို့နယ်အချို့ကိုလည်း    ဆက်လက် ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ စာရင်းကောက်ယူမှုအနေဖြင့် e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းနှင့်     တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၁ ဒသမ ၉ သန်းကျော်၊   လက်ရှိ ဒေသ၌ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံ များဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်းအိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော် ကောက်ယူပြီးစီးပြီးဖြစ်၍  ရာခိုင်နှုန်း အားဖြင့် ၈၇ ဒသမ ၉၂  ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ပါ ကြောင်း။
မြေပြင်ကွင်းဆင်း    စာရင်းကောက်ယူရာတွင် တစ်ပါတည်းကောက်ယူခဲ့သည့် မသန်စွမ်း (၅) မျိုး လူဦးရေ နှစ်သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေ စာရင်းတွင် အမတလက်မှတ်ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက်(၁၈)နှစ်အထက်ရှိသည့် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင် ထားခြင်းမရှိသူများ၊ အမည်၊ မွေးသက္ကရာဇ်အစရှိသည့် အချက်အလက်ကွဲလွဲနေသူများအား   စနစ်တကျ တိုက်ဆိုင်စိစစ်ပြီး ဥပဒေနှင့်အညီ  ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့်      ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။
စိစစ်အတည်ပြုထားကြရန် လိုအပ်
ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေပြင် ကွင်းဆင်းကောက်ယူခဲ့သည့်       စာရင်းများကို သက်ဆိုင်ရာလဝကမြို့နယ်ရုံးများရှိ စာရင်းများနှင့် တိုက်ဆိုင်စိစစ်ပြီး e-ID Server အတွင်းရှိ အချက် အလက်များနှင့် တိုက်ဆိုင်စိစစ်၊ ပြင်ဆင်ဖြည့်စွက်ပြီး ဖြစ်သည့် လူဦးရေစာရင်းအား မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးနှင့်  ပြည်နယ်အလိုက်  ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များက   စိစစ်အတည်ပြုထားကြရန် လိုအပ်ပါကြောင်း၊   ကော်မတီအဆင့်ဆင့်    စိစစ် အတည်ပြုပြီးသည့်စာရင်းများကို ဗဟိုကော်မတီမှ တစ်ဆင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့     ဆက်လက်ပေးပို့သွားမည်    ဖြစ်ပါ ကြောင်း။
မိမိတို့   ဝန်ကြီးဌာနအနေဖြင့်   ပန်းခင်းစီမံချက် အဆင့်(၁)ကို  ၂၀၂၁  ခုနှစ်  မေ ၃  ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေ  ၃၁ ရက်အထိ  ၉၆ ဒသမ ၇၆ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်း စီမံချက်အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်  ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေလ ၃၁ရက်အထိ ၄၉ ဒသမ ၁၄  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသည်ကို တွေ့ရှိရပါကြောင်း၊      မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး   ကြီးကြပ်မှုကော်မတီအဆင့်ဆင့် အနေဖြင့်   မပြီးပြတ်သေးသည့်   လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင်     ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး    ယခုအစည်းအဝေးတွင် ကွင်းဆင်းကောက်ယူပြီးစီးသည့်    စာရင်းများကို စိစစ်၍ e-ID Server အတွင်းသို့ ထည့်သွင်းပြီးစီးမှုနှင့် စာရင်းများ အတည်ပြုအပ်နှံနိုင်ရေးအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ် ချက်များကို  ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ညှိနှိုင်းပူးပေါင်းဆောင်ရွက်
ထို့နောက်    ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင် ကိုယ်စားလှယ်များက ယခင် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ်     ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်      ပြည်နယ်အလိုက်    မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသ များနှင့် ဆက်လက်ကွင်းဆင်းကောက်ယူသွားမည့် အစီအစဉ်များ၊ကောက်ယူပြီးစာရင်းများအား လဝက မြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ယာယီနေထိုင်သူများနှင့်    ပတ်သက်၍   ဖြေရှင်း ဆောင်ရွက်မည့်   အခြေအနေ၊    ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီ ဝင်     ဒုတိယဝန်ကြီးများနှင့်   တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ်    လိုအပ်သည်များ   ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး    မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်းပြုစုနိုင် ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ယခုလုပ်ငန်းစဉ်များအား သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး   အားလုံးက တက်ညီ လက်ညီ     ဝိုင်းဝန်းကြိုးပမ်း    ဆောင်ရွက်ကြရန် ပြောကြားကာ    အစည်းအဝေးကို    ရုပ်သိမ်းလိုက် ကြောင်း သိရသည်။                      

သတင်းစဉ်