မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို မှန်ကန်သည့် လူဦးရေစာရင်းများ ထုတ်ပြန်နိုင်သည်အထိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ ၇
မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ       လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည်   ရခိုင်ပြည်နယ်  မြေပြင် ကွင်းဆင်း  စာရင်းကောက်ယူရေး ကြီးကြပ်မှု       ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်    ကော်မတီအဖွဲ့ဝင်များကို ယမန်နေ့   မွန်းလွဲပိုင်းက     ရခိုင် ပြည်နယ်   စစ်တွေမြို့  ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံ ပြီး   မြေပြင်ကွင်းဆင်း  စာရင်း ကောက်ယူရေးလုပ်ငန်းကို မှန်ကန် သည့်        လူဦးရေစာရင်းများ ထုတ်ပြန်နိုင်သည်အထိ ဝိုင်းဝန်း ကြိုးပမ်း   ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထိုသို့   တွေ့ဆုံစဉ်     ရခိုင် ပြည်နယ်       မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး က ရခိုင်ပြည်နယ်အတွင်း မြေပြင် တစ်အိမ်တက်ဆင်း   ကွင်းဆင်း စာရင်းကောက်ယူရေး   လုပ်ငန်း ဆောင်ရွက်ခဲ့မှု၊        ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊   ကောက်ယူရရှိ သည့်   လူဦးရေအချက်အလက် များအား  e-ID Software ဖြင့် ချိတ်ဆက်၍    ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သွားမည့်  အခြေအနေ များကို         ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က   ရခိုင် ပြည်နယ်အတွင်း        မြေပြင် ကွင်းဆင်း   စာရင်းကောက်ယူမှု လုပ်ငန်း အောင်မြင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့် ကောက်ယူ ရန် ကျန်ရှိသည့်  ဒေသများတွင် ကွက်ပြည့်နင်းကာ    ဆက်လက် ကောက်ယူ       ဆောင်ရွက်မည့် အခြေအနေနှင့်      အောင်မြင် ပြီးမြောက်အောင် ကြိုးပမ်းဆောင် ရွက်သွားမည့်  အခြေအနေများကို ဖြည့်စွက်ပြောကြားသည်။
ထို့နောက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက    နိုင်ငံတော်အစိုးရ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ   အရေး အကြီးဆုံး            လုပ်ငန်းစဉ်ကို အောင်မြင်စွာ  အကောင်အထည် ဖော်       ဆောင်ရွက်နိုင်ရန်မှာ လွတ်လပ်ပြီး    တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးပင်ဖြစ်ကြောင်း၊ ယင်းသို့ ရွေးကောက်ပွဲ     ကျင်းပနိုင်ရန် မှန်ကန်သည့်    မဲဆန္ဒရှင်စာရင်း ပြုစုပေးရန်လိုကြောင်း၊ တစ်နိုင်ငံ လုံး  အတိုင်းအတာဖြင့်  လူဦးရေ စာရင်း   အချက်အလက်များကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များမပါ     ရက်ပေါင်း ၂၀   ကြာ      မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်း   ကောက်ယူ ခဲ့ကြောင်း၊  ယင်းလုပ်ငန်းဆောင် ရွက်ရန် ရုံးချုပ်ရှိ e-ID Software ဖြင့်  ထုတ်ယူ၍   တစ်နိုင်ငံလုံး၌ ကောက်ယူရန်      လျာထားသည့် အိမ်ထောင်စုများအနက်    ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင် ခဲ့ပြီး         ရခိုင်ပြည်နယ်အနေဖြင့် ၉၉   ဒသမ   ၂၅   ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့သည်ကို တွေ့ရှိ ရကြောင်း။
သို့သော်      ရခိုင်ပြည်နယ် အတွင်း     လက်ရှိအိမ်ထောင်စု စာရင်းမရှိသူများကို အလွတ်ပုံစံ များဖြင့်        ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သိန်းကျော်ကို   ကောက်ယူနိုင်ခဲ့ ကြောင်း၊   အိမ်ထောင်စုလူဦးရေ စာရင်း      အချက်အလက်များကို လည်း   e-ID Software   ဖြင့် ချိတ်ဆက်ကာ   အချက်အလက် ပြင်ဆင်၊      ဖြည့်စွက်အတည်ပြု ဆောင်ရွက်သည့် လုပ်ငန်းများကို လည်း    ဆက်လက်ဆောင်ရွက် နေကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်  ကောက်ယူရန်  ကျန်ရှိ နေသည့်   အိမ်ထောင်စုများကို ကွက်ပြည့်နင်း ကောက်ယူနိုင်ရန် ကြိုးစား   ဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့မှသာ မှန်ကန်သော လူဦးရေ အချက်အလက်များရရှိပြီး တိကျမှန်ကန်သော  ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ    မဲစာရင်းပြုစုနိုင်မည် ဖြစ်ကာ နိုင်ငံတော်၏ အနာဂတ် အတွက်  လွတ်လပ်၍ တရားမျှတ သည့် အထွေထွရွေးကောက်ပွဲကို ကျင်းပနိုင်မည်    ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်   ကော်မတီဝင် များက      လုပ်ငန်းစဉ်အားလုံး ပြီးမြောက်အောင်မြင်ရေးအတွက် ဌာနအလိုက် ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များနှင့် လိုအပ် ချက်များကို     ဆွေးနွေးတင်ပြ ကြရာ  ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်