မြေဩဇာတင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် ၈၉၁၉ စောင်ကို စိစစ်ခွင့်ပြုပေးပြီးဖြစ်

 

နေပြည်တော်   မတ်   ၃၁


မြေဩဇာကော်မတီ၏ (၃၅)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်း၌ ကျင်းပသည်။ 

 


အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ကိုဗစ် - ၁၉  ကပ် ရောဂါ၏ နောက်ဆက်တွဲ သက် ရောက်မှုများကြောင့် ကုန်သွယ်မှု အခက်အခဲများနှင့်     ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပါအဝင်  အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဈေးနှုန်း မတည်ငြိမ်ခြင်း၊   စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး နှင့်    စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် သီးနှံ အထွက်တိုးရေးအတွက် အရေးပါ သည့်  မြေဩဇာများကို  အရည် အသွေးပြည့်ဝပြီး    စံချိန်စံညွှန်း ကိုက်ညီစွာသုံးစွဲနိုင်ရေး    စနစ် တကျ စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

 


အစည်းအဝေးသို့ မြေဩဇာ ကော်မတီဝင်များ  စုံညီစွာတက် ရောက်ခဲ့ကြပြီး  မြေဩဇာ   တင် သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်   လျှောက်ထားလာမှု များကို   အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 


မြေဩဇာကော်မတီ၏ (၃၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ    တင်သွင်း၊   တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် စုစုပေါင်း ၈၉၁၉ စောင်ကို စိစစ် ခွင့်ပြုပေးခဲ့ပြီး        ဖြစ်ကြောင်း၊ မြေဩဇာ   တင်သွင်း၊     တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် ခြင်းလုပ်ငန်းများ လွယ်ကူအဆင် ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းစနစ် မှတ်ပုံတင်လျှောက် ထားနိုင်ရန်    MAIRS Online System စနစ် ဖွင့်လှစ်ပေးထားပြီး မှတ်ပုံတင်         လက်မှတ်များ၊ ထောက်ခံချက်လက်မှတ်များကို  စာရွက်စာတမ်းများ   အနေဖြင့် ထုတ်ပေးခဲ့ကြောင်း၊    ယနေ့ ကျင်းပသည့် မြေဩဇာကော်မတီ ၏ (၃၅)ကြိမ်မြောက်   အစည်း အဝေးတွင်   စိစစ်ခွင့်ပြုပေးမည့် မှတ်ပုံတင်များ၊ ထောက်ခံချက် များမှစတင်၍ Online မှ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်