မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီးဖြစ်

 

နေပြည်တော်  ဧပြီ    ၂၈


တောင်သူလယ်သမားများ၏    မိုးစပါးရာသီအမီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည် အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့် သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင် ရေးအတွက် ယူရီးယားမြေဩဇာ   ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ  အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီး ဌာန  ဒုတိယဝန်ကြီး     ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊       ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ မျိုးစေ့၊ မြေ ဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ယူရီးယားမြေဩဇာ  ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး  ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ခုနှစ် ဧပြီ ၇ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့်      ဦးဆောင်ကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်း ပေးထားပြီးဖြစ်ပါကြောင်း၊    မိမိတို့  ဦးဆောင် ကော်မတီအနေဖြင့် ယူရီးယားအပါအဝင်  လိုအပ် သည့် မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ   ပြည်ပ ဈေးကွက်မှာ တည်ငြိမ်နေသည်ဟု    ယူဆနိုင်ပါ ကြောင်း၊ နိုင်ငံခြားငွေကိစ္စနှင့်စပ်လျဉ်း၍   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ခုနှစ် ဧပြီ ၃ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံဘက်မှ ခွင့်ပြုချက်မရမီ အချိန်အတွင်း Consortium အဖွဲ့အနေဖြင့်   အခြားနိုင်ငံများမှ တင်သွင်းပေးနိုင်မည့် မြေဩဇာများရှိပါက ရရှိနိုင် မည့်တန်ချိန်နှင့် မိုးစပါးအမီ  ဝယ်ယူတင်သွင်းနိုင် ရေးနှင့် မတင်သွင်းမီ ကြိုတင်ဆောင်ရွက်ရမည့် အစီ အစဉ်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ ယူရီး ယားမြေဩဇာများ အချိန်မီ ဖြန့်ဖြူးနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်  ပူးပေါင်းပါဝင် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ယူရီးယားမြေဩဇာ   ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကိုလည်းကောင်း၊ Consortium အဖွဲ့ ကိုယ်စား လှယ်တစ်ဦးက အခြားနိုင်ငံများမှ တင်သွင်းပေးနိုင် မည့် မြေဩဇာများ၏ ဈေးနှုန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်  အစီအစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက တင်သွင်းဖြန့်ဖြူးရောင်းချပေးမည့် မြေဩဇာများကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသုံးပြုသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသော ဦးဆောင်ကော်မတီ၊ အဖွဲ့ ဝင်များက မိမိတို့သက်ဆိုင်ရာ   ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့်    အစီအစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးက  မိမိတို့ ဦးဆောင်ကော်မတီ၏  ဦးတည်ချက်မှာ   ဓာတ်မြေ ဩဇာများ တောင်သူများလက်ဝယ် လက်ရှိဈေးကွက် တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် သက်သာအောင် ရရှိရေးဆောင်ရွက်ပေးရန်နှင့်          တောင်သူများ လက်ဝယ် စိုက်ပျိုးရာသီအချိန်မီ တင်သွင်းဖြန့်ဖြူး နိုင်ရေး၊  ဝန်ကြီးဌာနများအကြား    လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လွယ်ကူမြန်ဆန်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။

 

သတင်းစဉ်