မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂) ဆက်လက်ကျင်းပ၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

 

နေပြည်တော်   ဇန်နဝါရီ   ၂၉


စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ ပူးပေါင်းကျင်းပသည့် မွေးမြူ ရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂)၏ ဒုတိယနေ့ကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗ သီရိမြို့နယ်   ကိုးရွာသပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌  ကျန်းမာရေးဆိုင်ရာ   ညွှန်ကြား ချက်များနှင့်အညီ   ဆက်လက် ကျင်းပလျက်ရှိရာ ပြပွဲသို့ စိုက်ပျိုး ရေးတက္ကသိုလ်နှင့်      မွေးမြူရေး ဆိုင်ရာ     ဆေးတက္ကသိုလ်တို့မှ ကျောင်းသား   ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံ  (ပျဉ်းမနား)  မှ ကျောင်းသား       ကျောင်းသူများ၊ ဒေသနေတောင်သူများ၊ မွေးမြူ ရေးလုပ်ငန်း စိတ်ဝင်စားသူပြည်သူ များ၊      လေ့လာကြသူများဖြင့် စည်းကားလျက်ရှိသည်။
ပြခန်း ၁၄၅ ခန်း ခင်းကျင်းပြသ
မွေးမြူရေး    တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်   ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျွဲ၊ နွား ၁၄၉ ကောင်၊ သိုး၊ ဆိတ် ၁၁၃ ကောင်၊ နွားနောက် သုံးကောင် စုစုပေါင်း ၂၆၅ ကောင် ပါဝင်ပြသ ပြိုင်ထားပြီး   ကောက်ရိုးများကို စနစ်တကျ စက်များဖြင့် ကောက်ရိုး ထုံးများပြုလုပ်ခြင်း၊    တိရစ္ဆာန်  အစာပင်   ရှစ်မျိုး    ပြသခြင်းနှင့် ရာသီမရွေး အစာသိုလှောင်ကျွေး နိုင်ရန်    တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းဆိုင်ရာ အစားအစာနှင့် ဆေးဝါး၊ စက်ကိရိယာနှင့် တန်ဖိုး မြှင့်ထွက်ကုန်ပြခန်း ၁၄၅ ခန်းဖြင့် ခင်းကျင်းပြသထားသည်။
ပြပွဲ၊ ပြိုင်ပွဲများ၏ ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦး၊   ဒုတိယဝန်ကြီး   ဒေါက်တာ အောင်ကြီး၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ  တာဝန်ရှိသူ များ၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင် ခဲ့ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသူများနှင့်      စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
ဂုဏ်ပြုဆုများချီးမြှင့်
အခမ်းအနားတွင်    ပြည် ထောင်စုဝန်ကြီး၊   ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိ သူများ၊   ပြခန်းဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြရာ  ဆုရရှိသူ မွေးမြူရေးတောင်သူများ စီးပွား ရေးလုပ်ငန်းရှင်များနှင့်   ပြခန်း တာဝန်ရှိသူများက ဆုများလက်ခံ ရယူခဲ့ကြသည်။


မွန်းလွဲပိုင်းတွင်   “တို့တွေ အနာဂတ်တိုးတက်ဖို့   မွေးမြူ ထုတ်လုပ်ကြပါစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ရာ     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား     ပြောကြား သည်။
ဆက်လက်၍  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာ နှင်းသီတာမြင့်က အစီအစဉ်မှူးအဖြစ် တာဝန်ယူ၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက် လက်ကျင်းပရာ      သက်ဆိုင်ရာ ကဏ္ဍအလိုက်   ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ပြီး   တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ  ကိုယ်စား လှယ်များ၊    ဌာနဆိုင်ရာများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်  လေ့လာခဲ့ကြကြောင်း၊ မွေးမြူရေး တိရစ္ဆာန်  ပြပွဲ၊   ပြိုင်ပွဲ(၂၀၂၂)၏ တတိယနေ့ကို ဇန်နဝါရီ ၃၀ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်