မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝက ပေးအပ်ထားသည့် အားသာချက်များကို အကျိုးရှိစွာအသုံးချ၍ အထွက်နှုန်းကောင်းစေရန် စနစ်တကျဖြင့် မွေးမြူကြရန်လို

 

မြိတ်မြို့ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအဆင့်မီဆိပ်ကမ်းတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်     ဇန်နဝါရီ     ၁၅


တနင်္သာရီတိုင်းဒေသကြီး    မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊  ငါးပုစွန်    မွေးမြူရေးလုပ်ငန်းနှင့် ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ    ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်း  အများနှင့်သက်ဆိုင်သော    ကုမ္ပဏီလီမီတက်ရုံး၌ ကျင်းပရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

 


အခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အတူ  ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုး တန်းဒေသ  တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    မြိတ်ခရိုင်အတွင်းရှိ   ငါးပုစွန် မွေးမြူရေး     လုပ်ငန်းရှင်များနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ    တနင်္သာရီတိုင်းဒေသကြီး   ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊    မြိတ်ကော်ပိုရေးရှင်း   အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်း က နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ စက်မှုဇုန်များ ဆောင်ရွက်မှုအခြေအနေ၊ မြိတ်ဒေသရေလုပ်ငန်းနှင့် ပတ်သက်၍  ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ထုံခါ - သဲဖြူ - မောတောင်လမ်း     တည်ဆောက်နေမှု၊ မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ် ဆောင်ရွက်မှု အခြေအနေ၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ ကမ်းနီးကမ်းဝေးငါးဖမ်း စက်လှေများ အခြေအနေနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်   စီမံကိန်းများကိုလည်းကောင်း၊ မြိတ်မြို့    နိုင်ငံတကာအဆင့်မီ     ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းတာဝန်ခံ    ဦးဟန်ထူးအောင်က စီမံကိန်းတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေ အနေများကို     Video  Clip  ဖြင့်   လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး    ငါးလုပ်ငန်းအဖွဲ့ချုပ်   အတွင်းရေးမှူး ဦးသက်စိုးက ကမ်းဝေး၊ ကမ်းနီးငါးဖမ်းလှေများ၏ အခြေအနေ၊ ကမ်းဝေးငါးဖမ်းလှေများကို VMS များ တပ်ဆင်ပေးမှုအခြေအနေ၊     နှစ်အလိုက်ပြည်ပသို့ ရေထွက်ပစ္စည်းများတင်ပို့မှုနှင့် စနစ်တကျဖြစ်စေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ငါး၊ ပုစွန်၊ ကဏန်းပျော့၊ ဂျင်းခရုနှင့် ပင်လယ်ရေမှော် များ   မွေးမြူမှုအခြေအနေများကို   လည်းကောင်း၊ မြိတ်ကော်ပိုရေးရှင်း       အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် စီမံကိန်းဒါရိုက်တာ ဦးအေးမင်း အောင်က  တင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် BBWI & MCPC ကုမ္ပဏီလီမိတက်မှ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြိတ်ခရိုင်စီမံကိန်းနှင့် ပတ်သက် ၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


 စက်မှုဇုန်တည်ဆောက်ရေး 


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ငါးလေလံဈေးနှင့်        စက်မှုဇုန်တည်ဆောက်ရေး အတွက် ၂၀၂၁ ခုနှစ် မြိတ်မြို့ခရီးစဉ်အတွင်း နေရာရွေးချယ်ဆောင်ရွက်ပေးခဲ့ကြောင်း၊         စီမံကိန်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရက ခွင့်ပြု ပေးပြီးဖြစ်၍   ပထမအဆင့်အနေဖြင့်    ငါးလေလံ ဈေးအား ဦးစားပေးတည်ဆောက်ရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုမရှိသည့် အတွက် စီမံကိန်းများဆောင်ရွက်ရာတွင် လယ်မြေ များအား     အသုံးမပြုရန်နှင့်    မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ စားရေရိက္ခာပေါများစေရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ မြိတ်ဒေသအတွင်း စပါးအထွက်နှုန်းများ တိုးတက်အောင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း    ဆောင်ရွက်ကြစေလိုကြောင်း၊ စားသောက်ကုန်ပစ္စည်းများအား       ပြည်တွင်း၌ လုံလောက်စွာ    ထုတ်လုပ်နိုင်မည်ဆိုပါက   ပြည်ပ သွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။  

 


ရေထွက်ကုန်ပစ္စည်းများအား      တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်အောင်   ပြည်တွင်း၌ ထုတ်လုပ်၍    ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ မြိတ်ဒေသအတွင်း လျှပ်စစ်မီးလုံလောက်စွာ   ရရှိရေးအတွက်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး   နိုင်ငံတော်မှ   စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူနေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား   ထုတ်လုပ်နိုင်ရေး အတွက်လည်း     ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် သဘာဝက ပေးအပ်ထားသည့်  အားသာချက်များ ကို     အကျိုးရှိစွာအသုံးချ၍   အထွက်နှုန်းကောင်း စေရန်  စနစ်တကျဖြင့်   မွေးမြူကြရန်လိုကြောင်း၊ မြိတ်မြို့   ဆိပ်ကမ်းကိုလည်း   နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခုဖြစ်စေရေး   ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း။

 


 ဆီအထွက်နှုန်းကောင်းမွန်စေရေး


မြိတ်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်       ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်း သံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက် များစွာရှိသဖြင့် ရေလုပ်ငန်းတစ်ခုတည်းကိုသာမက အခြားစက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ အလားတူ တနင်္သာရီတိုင်း ဒေသကြီးအား    ဆီအိုးကြီးအဖြစ်   သတ်မှတ်ထား ကြောင်း၊    ထို့ကြောင့်    တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆီအထွက်နှုန်းကောင်းမွန်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်     တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်အား   မြိတ် ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ     ဦးလှသန်းနှင့်     တာဝန်ရှိသူများ က      မြိတ်မြို့ဓာတ်ပုံအား    အမှတ်တရပေးအပ် သည်။

 


 ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်သည်   အခမ်းအနား တက်ရောက်လာကြသူများအား      ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်