
နေပြည်တော် သြဂုတ် ၁၈
မွေးမြူရေးဆိုင်ရာ သုတေသန ဦးစီးဌာန ဖွဲ့စည်းဆောင်ရွက် နိုင်ရေးနှင့် ချင်းပြည်နယ်၏ နွားနောက်မွေးမြူမှုလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူ ရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက အမှာစကားပြောကြား ရာ၌ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန များ၌ သုတေသနဌာနစုများ၊ ဒေသဆိုင်ရာ သုတေသနစခန်း များ ရှိနေကြသော်လည်း သားငါး ကဏ္ဍကြီး တစ်ခုလုံးအတွက် အားကောင်းသော သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သုတေသန လုပ်ငန်းအတွက် သီးခြားဘဏ္ဍာရန်ပုံငွေ သတ်မှတ် ပြီး ထိရောက်သော နည်းပညာရပ် ဆိုင်ရာ သုတေသနနှင့် လက်တွေ့ အသုံးချသုတေသနများ ဖော်ထုတ် ဆောင်ရွက်နိုင်ရန်၊ သုတေသန ဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ အပြန်အလှန် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင် ခြင်းဖြင့် အရည်အသွေး ပိုမို မြင့်မားသည့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင် ရန်တို့ကို ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မွေးမြူ ရေးဆိုင်ရာ သုတေသနဦးစီးဌာန ကို ဦးစီးဌာနသစ်တစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အလားတူ ချင်းပြည်နယ် ၏ စီးပွားရေးနှင့် လူမှုရေးနယ်ပယ် တွင် အရေးပါပြီး ဒေသရေမြေ ရာသီဥတုအရ စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည့် နွားနောက် မွေးမြူမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာ ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် လိုအပ်ချက်များ လစ်ဟာမှုမရှိစေရေး ဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် မွေးမြူ ရေးဆိုင်ရာ သုတေသနဦးစီးဌာန အသစ် ဖွဲ့စည်းဆောင်ရွက်ရေး အတွက် ဦးစီးဌာနဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲထားရှိမှုနှင့် နှစ်အလိုက် ဘဏ္ဍာရန်ပုံငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ အဆင့်မြင့် နည်းပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ အတွက် ဘာသာရပ်အလိုက် ဦးစားပေးအဆင့် သတ်မှတ်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ သုတေသန များ ဆောင်ရွက်သွားမည်ဖြစ်၍ လက်ရှိဆောင်ရွက်ဆဲ သုတေသန ဌာနစုများ၊ သုတေသနစခန်းများ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စ ရပ်များကိုလည်းကောင်း၊ ချင်း ပြည်နယ်၏ နွားနောက်မွေးမြူမှု လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေးအတွက် လိုအပ်ချက်များနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရေး အတွက် မွေးမြူမှုစနစ် ပြောင်းလဲရေး၊ မျိုးမြှင့်တင်ရေး၊ အစာကျွေးစနစ် ပြောင်းလဲပေးရေးနှင့် ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်၍ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင် ရေး အစီအမံများကိုလည်း ကောင်း အသေးစိတ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်